ကိုယ့်ချစ်သူအပေါ် အချစ်ကြီးလွန်းတဲ့ ယောက်ျားတွေဆိုတာ

ကိုယ့်ချစ်သူအပေါ် အချစ်ကြီးလွန်းတဲ့ ယောက်ျားတွေဆိုတာ သင့်ချစ်သူဟာ အချစ်ကြီးတဲ့သူလားဆိုတာ သူ့ရဲ့အပြုအမူ၊ အနေအထိုင်၊ အမူအယာတွေကနေ သိလို့ရပါတယ်။ အချစ်ကြီးတဲ့ကောင်လေးတွေနဲ့ ချစ်မိရင် သူများအတွဲတွေနဲ့ မတူတဲ့ အချစ်ရေးတစ်ခုကို ပိုင်ဆိုင်ရမှာတော့ အသေအချာပါပဲ။ တကယ်လို့ သင့်ချစ်သူဟာ အခုဖော်ပြပေးမယ့် အချက်လေးတွေနဲ့ ကိုက်ညီနေရင်တော့ သူဟာ အချစ်ကြီးတဲ့ ကောင်လေးတစ်ယောက်ဖြစ်တယ်ဆိုတာကို သိထားပြီး တစ်ခါတလေကျရင်သူများတွေထက် ပိုပြီး နားလည်သည်းခံပေးဖို့လိုအပ်တယ်ဆိုတာ မမေ့ပါနဲ့နော်။ (၁) အရမ်းသည်းခံတယ် အချစ်ကြီးတဲ့ကောင်လေးဆိုတာ သင်ဘယ်လောက်ဆိုးဆိုး၊ ဘယ်လောက်ချွဲချွဲ သင့်ကို အရမ်းသည်းခံပေးတဲ့သူပါ။ သူ့ကိုသင်ရစ်တဲ့အချိန်တွေ၊ တမင်ဂျီကျနေတဲ့ အချိန်တွေနဲ့ သူမကြိုက်တာ တစ်ခုခုကိုသင်လုပ်လိုက်မိရင်တောင် သည်းခွင့်လွှတ်ပေးတဲ့သူပါ။ ဒီလိုအရမ်းသည်းခံလို့တော့ သူ့ကို စိတ်မဆိုးတတ်ဘူးမထင်ပါနဲ့။ စိတ်ဆိုးရင်လည်း သူများထက်ပိုကြောက်ဖို့ကောင်းပါတယ်။ သင့်ကိုအရမ်းသည်းခံတယ်ဆိုတာကလည်း အရမ်းချစ်လွန်းလို့ဖြစ်ပါတယ်။ (၂) ဝမ်းနည်းလွယ်တယ် သင့်ချစ်သူဟာ ယောက်ျားလေးဖြစ်နေပေမယ့် ဝမ်းနည်းလွယ်တယ်ဆိုတာ အချစ်ကြီးလို့ပါ။ … Read more

ယောက်ျားတစ်ယောက်ကိုလက်မထပ်ခင် သိထားရမယ့် အရေးကြီးဆုံးအချက်(၆)ခု

ယောက်ျားတစ်ယောက်ကိုလက်မထပ်ခင် သိထားရမယ့် အရေးကြီးဆုံးအချက်(၆)ခု ပျိုမေတို့ရေ ကိုယ့်ချစ်သူကို ချစ်နေရုံနဲ့မပြီးသေးဘူး၊ နှစ်ယောက်ပေါင်းဖက်ပြီး ဘဝသစ်ထူထောင်တဲ့ အထိကိုပါ စဉ်စားထားရမှာပါ။ သင်တို့နှစ်ဦးပေါင်းဖက်ခြင်းဟာ အသိုင်းအဝိုင်းနှစ်ခုကို ပေါင်းဖက်တာဖြစ်ပြီး၊ တစ်သက်လုံးစာ ဖြစ်တဲ့ အတွက် မယူခင်မှာ ဒီအချက်လေးတွေကို အရင်ဆုံး သိထားဖို့ လိုအပ်ပါတယ်။ (၁) အချစ်အပေါ်သူ့ရဲ့သဘောထား အချစ်ဆိုတာကို သူဘယ်လိုသဘောထားသလဲ။ တစ်သက်လုံးချစ်သွားဖို့လား၊ ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာ ဆန္ဒဖြည့်ဖို့လား ဆိုတာမျိုးကို သူ့ကို သေသေချာချာမေးထားပါ။ သင့်ကိုတကယ်ချစ်တဲ့ ယောက်ျားက လက်ထပ်ပြီးရင် တစ်သက်လုံး စွဲစွဲမြဲမြဲပေါင်းသင်းသွားမယ့် သူမျိုးပါ။ (၂) သူ့ရဲ့ငွေကြေးသုံးစွဲမှု သင်ဟာ ပစ္စည်းတွေဝယ် shopping တွေထွက်ရတာကို ကြိုက်နှစ်သက်တဲ့သူဖြစ်ပြီး သူကတော့ ကပ်စေးနဲ ကော်တစ်ရာ ဖြစ်နေရင် ဘယ်လိုလုပ်မှာလဲ။ ဒါကြောင့် လက်မထပ်ခင်ကတည်းက သူ့ရဲ့ ငွေကြေးသုံးစွဲပုံကို သေသေချာချာ … Read more

အဆင်ပြေချော့မွေ့တဲ့အချစ်ရေးလေးဖြစ်စေဖို့ နောက်ကွယ်ကလျှို့ဝှက်ချက်များ

အဆင်ပြေချော့မွေ့တဲ့အချစ်ရေးလေးဖြစ်စေဖို့ နောက်ကွယ်ကလျှို့ဝှက်ချက်များ Relationship တစ်ခုတည်ဆောက်ကြပြီဆိုရင် လူတိုင်းကတော့ အဲဒီ့ဆက်ဆံရေးလေးကို အလွယ်တကူ မပြိုကွဲစေချင်ကြပါဘူး။ ကိုယ်သဘောကျမြတ်နိုးလို့ ရွေးချယ်ထားတဲ့ သူကို အလွယ်တကူ မဆုံးရှုံးချင်သလို ဆက်ဆံရေးတစ်ခုကို အချိန်တွေအကြာကြီး လက်တွဲလိုကြတာ သဘာဝပါ။ ဒီတော့ ကောင်းမွန်တဲ့ relationship ရဲ့နောက်ကွယ်မှာ ဘာတွေရှိလို့နေလဲ။ ဘဝတိုးတက်မှု အဆင်ပြေကောင်းမွန်တဲ့ ဘဝတစ်ခုပိုင်ဆိုင်ထားခြင်းက ကောင်းမွန်တဲ့ relationship ကို ဖြစ်ပေါ်စေပါတယ်တဲ့။ ဒါကြောင့် တစ်စုံတစ်ယောက်ကို ချစ်တဲ့အခါမှာ ကိုယ့်ဘဝကြီးကို မေ့ထားလို့တော့ မဖြစ်ပါဘူး။ တစ်စုံတစ်ယောက်ကို ချစ်မိနေရုံနဲ့ ဘဝကြီးက မပြည့်စုံနိုင်တဲ့အတွက်ကြောင့် အချစ်က အချစ် ဘဝက ဘဝသက်သက်စီ ခွဲထားပါ။ ကောင်းမွန်တဲ့ ဘဝတစ်ခုက တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ဖေးမနိုင်ပြီး အနာဂတ်မှာ ဘဝအတွက် ခိုင်မာပြီး ပိုကောင်းမွန်တဲ့ relationship ကိုတည်ဆောက်နိုင်မှာပါ။ စိတ်ခံစားမှု … Read more

သင့် ချစ်သူ သင့်လက်ကို ကိုင်တဲ့ ပုံစံကနေပြောနေတဲ့ သင့်တို့စုံတွဲအကြောင်း

သင့် ချစ်သူ သင့်လက်ကို ကိုင်တဲ့ ပုံစံကနေပြောနေတဲ့ သင့်တို့စုံတွဲအကြောင်း ချစ်သူတိုင်းက ကိုယ်ချစ်ရသူရဲ့လက်ကိုကိုင်ပုံချင်းမတူတတ်ကြပါဘူး။ တချို့ စုတ်ကိုင်ထားတတ်တယ်။သင့်ချစ်သူ သင့်လက်ကို ဘယ်လိုပုံစံမျိုးကိုင်လဲဆိုတာ ပုံလေးကိုကြည့်ပြီးရွေးပေးပါ။ဒါမှ သင့်ချစ်သူ သင့်လက်ကို ကိုင်တဲ့ပုံစံကနေ သင့်တို့နှစ်ယောက်ရဲ့ အချစ်ရေးအကြောင်းကို သိနိုင်မှာပါ။ (1)လိုပုံစံ သင့်လက်ကို ကိုင်တယ်ဆိုရင်တော့ သင်တို့နှစ်ယောက်စလုံးက တစ်ယောက်ကို တစ်ယောက် ယုံကြည်ကြတယ်။လက်သန်းလေးတွေ ချိတ်ကိုင်ထားတဲ့ပုံစံက ကတိပေးတဲ့ပုံစံမျိုးဖြစ်နေလို့ သင့်ကို တစ်သက်လုံးချစ်သွားမယ်ဆိုတဲ့သဘောမျိုးပါ။ (2)လိုပုံစံနဲ့ သင်ချစ်သူက သင့်လက်ကို ကိုင်မယ်ဆိုရင်တော့ သင့်တို့က တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မူတွေနဲ့ လက်တွဲနေကြတာပဲဖြစ်တယ်။(၂)ရဲ့လက်ကိုင်တဲ့ပုံစံမျိုးက နွေးထွေးတဲ့ပုံစံမျိုးပါ။ဒီလက်ကိုင်ပုံစံမျိုးနဲ့ဆိုရင် သင့်တို့်အတွက် အပေါ်ယံတွေမလိုပါဘူး ဘာဖြစ်လို့လဲဆိုတော့ တစ်ယောက်ကို တစ်ယောက် ချစ်ကြတယ်ဆိုတာသိနေလို့ပဲဖြစ်တယ်။ (3)လိုပုံစံမျိုးနဲ့ဆိုရင်တော့ သင့်ချစ်သူက သင့်ကို သစ္စာရှိရှိချစ်သွားမယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့ပဲဖြစ်တယ်။တစ်ယောက်ကို တစ်ယောက်လည်း လက်တွဲမဖြုတ်ချင်လောက်အောင် တစ်ယောက်လက် တစ်ယောက် စုတ်ကိုင်ထားတဲ့ပုံစံမျိုးနဲ့ သင့်လက်ကို … Read more

သူ့ဘက်ကနေ သင့်အကြောင်းကိုပဲ တွေးနေတဲ့အခါ သင့်ဆီမှာ ဖြစ်ပေါ်လာမယ့် အရာများ…

သူ့ဘက်ကနေ သင့်အကြောင်းကိုပဲ တွေးနေတဲ့အခါ သင့်ဆီမှာ ဖြစ်ပေါ်လာမယ့် အရာများ… စိတ်ချင်းဆက်တယ်ဆိုတာ ကြားဖူးကြတယ်မလား။ စကားလုံးအဖြစ် ပြောပြမရပေမဲ့ စိတ်ထဲကနေ သိနေတာမျိုး၊ မမျှော်လင့် တစ်ခုတည်းကို တူတူလုပ်မိနေကြတာမျိုး၊ ဘာဖြစ်လို့ ဖြစ်မှန်းမသိ ရုတ်တရက် ဖြစ်သွားတဲ့ အပြုအမူ/ခံစားချက်မျိုး၊ တစ်ယောက်ကို တစ်ယောက် စကားပြောစရာမလိုပဲ နားလည်နေသလိုမျိုး၊ မျက်လုံးချင်းဆုံရုံနဲ့ သူ ဘာပြောလဲ ကိုယ်သိနေတာမျိုး ပေါ့ …။ ဒီလို အခြေအနေတွေကို ကြုံဖူးကြမယ် ထင်ပါတယ်။ ဒါက စိတ်ချင်းဆက်တဲ့ သူတွေမှာပဲ ရှိတတ်သလို မသိစိတ်ကနေ သိတဲ့ အလိုအလျောက်အခြေအနေတွေလည်း ဖြစ်ပါတယ်။ တကယ်လို့ သင့်ကို တစ်ယောက်ယောက်က စိတ်ဝင်စားနေတယ်ဆိုရင် သင်သိနေသလိုပေါ့။ တစ်ယောက်ယောက်က သင့်အကြောင်း တွေးနေတဲ့အခါ သင့်ကို နှစ်သက်နေတဲ့အခါတွေမှာ သင့်မှာ ဒီလို လက္ခဏာတွေ … Read more

တန်ဖိုးရှိတဲ့ မိန်းကလေးတွေဆိုတာ အချစ်ရေးနဲ့ ပတ်သက်ပြီး ဒီလိုစိတ်ဓာတ်မျိုး ရှိသူတွေပါ

တန်ဖိုးရှိတဲ့ မိန်းကလေးတွေဆိုတာ အချစ်ရေးနဲ့ ပတ်သက်ပြီး ဒီလိုစိတ်ဓာတ်မျိုး ရှိသူတွေပါ မိန်းကလေးတစ်ယောက်ရဲ့ တန်ဖိုးဟာ သူများက သတ်မှတ်ပေးရတာမဟုတ်ပါဘူး၊ ကိုယ်ကိုယ်တိုင် သတ်မှတ်တာမျိုးပါ။ မိန်းကလေးတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားနဲ့ သူ့ကိုတန်ဖိုးထားခြင်းတွေက သူ့ရဲ့တန်ဖိုးကို ဖော်ပြနေတာဖြစ်ပါတယ် အခုဖော်ပြပေးမှာကတော့ တန်ဖိုးရှိတဲ့ မိန်းကလေးတွေဟာ အချစ်ရေးနဲ့ပတ်သက်ရင် ဘယ်လိုပြုမူတတ်သလဲ၊ ဘယ်လိုဆုံးဖြတ်ချက်ချတတ်သလဲ ပြီးတော့ ဘယ်လိုစိတ်ဓာတ်ရှိသလဲ ဆိုတာပါပဲ။ တကယ်လို့ သင်ဟာဒီအချက်တွေနဲ့ ကိုက်ညီနေခဲ့ရင် တန်ဖိုးရှိတဲ့ မိန်းကလေးတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို ဂုဏ်ယူလိုက်ပါနော် …။ (၁) မချစ်သင့်တဲ့သူကို မချစ်ဘူး။ ဒီလို မိန်းကလေးတွေ အနေနဲ့ မချစ်သင့်တဲ့သူတွေကို ဘယ်တော့မှ ချစ်မိမှာမဟုတ်ပါဘူး။ အကြောင်းကတော့ သူတို့ဟာ ကိုယ်ကျင့်တရားဖောက်ပြန်တာ၊ လူမှုရေးဖောက်ပြန်တာမျိုးတွေကို အရမ်းမုန်းပြီး အဲလိုမဖြစ်အောင်လည်း အရမ်းဂရုစိုက်ကြပါတယ်။ မချစ်သင့်တဲ့ သူမျိုးကိုဆို အစကတည်းက မပတ်သက်မိအောင် နေတတ်ကြပါတယ်။ … Read more

ထက်မြက်တဲ့ မိန်းကလေးတွေသာ နားလည်နိုင်မယ့် အချစ်နဲ့ ပတ်သတ်တဲ့ ယူဆချက်များ

ထက်မြက်တဲ့ မိန်းကလေးတွေသာ နားလည်နိုင်မယ့် အချစ်နဲ့ ပတ်သတ်တဲ့ ယူဆချက်များ လူတိုင်းက အရွယ်ရောက်လာတာနဲ့ အချစ်ဆိုတာကို မလွှဲမသွေ ရင်ဆိုင်ကြရပါတယ်။ အချစ်နဲ့ ပတ်သတ်ရင် လူတိုင်းက စိတ်ပျော့ညံ့တာ ဒါမှမဟုတ် အလွဲတွေ ဖြစ်ကုန်တာ စသဖြင့် အမျိုးမျိုး ဖြစ်တတ်ကြပါတယ်။ အချစ်နဲ့ ပတ်သတ်ပြီး ထက်မြက်တဲ့ မိန်းကလေးတွေကတော့ သူများထက်ကို ထူးခြားနေလေ့ ရှိပါတယ်။ သူတို့ကတော့ အခုလိုမျိုး တွေးလေ့ ရှိကြသူတွေလည်း ဖြစ်ပါတယ်။ (၁) တကယ်မချစ်ပဲ ချဉ်းကပ်တတ်တာ သိတယ် မိန်းကလေးတွေကို ကောင်လေးတွေက ချစ်စကားဆိုဖို့ အတွက် ချဉ်းကပ်တတ်တာက သဘာဝ တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ထက်မြက်တဲ့ မိန်းကလေးတွေကတော့ သိပ်ပြီး စိတ်မယိုင်တတ်ကြပါဘူး။ သူတို့ သန်မာနေရတဲ့ ထက်မြက်တဲ့ ကောင်မလေး ဖြစ်ရတဲ့ အချက်လည်း … Read more

ယောကျာ်းလေးတွေ မိန်းကလေးတစ်ယောက်ကို အချစ်ကြီး ချစ်မိသွားစေနိုင်တဲ့ အချက်တွေ

ယောကျာ်းလေးတွေ မိန်းကလေးတစ်ယောက်ကို အချစ်ကြီး ချစ်မိသွားစေနိုင်တဲ့ အချက်တွေ အချစ်ဆိုတာ ရင်ခုန်ခြင်းက စတင်တယ်လို့ ထင်မိရင်တော့ လုံးဝမှားသွားပါလိမ့်မယ်။ တစ်ခါတစ်လေမှာ စိတ်လှုပ်ရှားမှုကြောင့်လဲဖြစ်နိုင်သလို တစ်ခြားအကြောင်းအရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရင်ခုန်တိုင်းအချစ်မဟုတ်ဘူးလို့ ပြောတတ်ကြတာပါ။ ယောက်ျားလေးအများစုကတော့ မိန်းကလေးတစ်ယောက်ကို ဒီအချက်တွေကြောင့် ပိုချစ်မိသွားတတ်ကြပါတယ်နော်။ ပြုမူပြောဆိုပုံလေးတွေ စတွေ့တွေ့ချင်းမှာ ယောကျာ်းလေးတွေ သတိထားမိတာက မိန်းကလေးတစ်ယောက်ရဲ့ ပြောဆိုပုံလေးတွေ၊ အမူအရာလေးတွေကိုပဲ ဖြစ်ပါတယ်။ ဒီလို မိန်းကလေးတစ်ယောက်ရဲ့ ပြောဆိုပုံလေးတွေက ပွင့်လင်းပြီး ဆွဲဆောင်မှုရှိနေမယ်၊ အပြုအမူလေးတွေက ချစ်စရာကောင်းနေမယ်ဆိုရင် သေချာပေါက် ဒီမိန်းကလေးကို စိတ်ဝင်စားမိပြီး ချစ်မိသွားစေနိုင်ပါတယ်နော်။ ကြင်နာနွေးထွေးတဲ့ နှလုံးသား နောက်ထပ် ယောကျာ်းလေးတွေ ကြွေသွားစေတဲ့ မိန်းကလေးတစ်ယောက်ဆီမှာရှိနေတဲ့ အရာက ကြင်နာနွေးထွေးမှုရှိတဲ့ နှလုံးသားတစ်စုံပဲ ဖြစ်ပါတယ်။ တကယ့်ကို ကြင်နာတတ်တဲ့ သူတစ်ယောက်ဟာ သူ့ရဲ့ကြင်နာတတ်တဲ့ စိတ်ကလေးကို … Read more

ချစ်သူရှိတဲ့သူတိုင်း သိထားရမယ့် နားလည်မှု (၅) မျိုး …

ချစ်သူရှိတဲ့သူတိုင်း သိထားရမယ့် နားလည်မှု (၅) မျိုး … တကယ်တော့ သမီးရည်းစားဆက်ဆံရေးကနေ အိမ်ထောင်ရေးအထိ တစ်ဦးနဲ့တစ်ဦး အပေးအယူညီညီလေးနဲ့ နားလည်မှုရှိဖို့ဟာ တကယ်ကို အရေးပါလွန်းပါတယ်။ ဒါ့အပြင် အိမ်ထောင်မြဲဖို့ နဲ့ အချစ်ရေး မှာ ပျော်ပျော်ရွှင်ရွှင် ရှေ့ဆက်လျှောက်လှမ်းနိုင်ဖို့ သိထားရမယ့် အချက် (၅) ချက်ကတော့ ၁။ တစ်ဖက်လူပြောတာကို သေချာ နားထောင်ပေးပါ။ ပြီးပြီးရော မဟုတ်ပဲ၊ ပြီးတော့ ပြောနေချိန် စကားဖြတ်မပြောပဲ တစ်ဖက်လူပြောတာကို သေချာအာရုံစိုက်ပြီး နားထောင်တတ်ပါစေ။ သူအားလုံးပြောပြီးသွားတဲ့အခါမှသာ သင့်ရဲ့ထင်မြင်ချက်၊ အကြံပေးတာ၊ အယူအဆ စတာတွေကို ဖွင့်ဟပါ။ ၂။ သင်လိုချင်တဲ့အရာကို တောင်းဆိုတတ်ပါစေ။ ချစ်သူစုံတွဲတွေဟာ များသောအားဖြင့် ကိုယ်လိုချင်တာ ဘာဆိုတာ မပြောပဲ ရေငုံနှုတ်ပိတ်နေတတ်ကြပါတယ်။ စုံတွဲတစ်တွဲမှာ တစ်ယောက်ကတော့ များသောအားဖြင့် … Read more

ရေစက်သာပါလာရင် ကြံဖန်ပြီးဆုံရသလိုပဲ ရေစက်မပါရင် ကြံဖန်ပြီးလွဲတယ်ဆိုတဲ့စကားလေး ကြားဖူးကြမှာပါ

ရေစက်သာပါလာရင် ကြံဖန်ပြီးဆုံရသလိုပဲ ရေစက်မပါရင် ကြံဖန်ပြီးလွဲတယ်ဆိုတဲ့စကားလေး ကြားဖူးကြမှာပါ လူတိုင်းကရေစက်ပါလို့တွေ့ဆုံကြသလိုပဲ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ဆိုတာ လည်း အတိတ်ဘဝကဆုံဖူး ဆုတောင်းခဲ့ဖူးတဲ့ဆုတောင်းတွေကြောင့် အခုဘဝမှာလက်တွဲ ဖော်အနေနဲ့ပြန်ဆုံတွေ့တယ်လို့ ယုံကြည်ကြပါတယ်။ ဒီလိုပဲ ကိုယ်တစ်ကြိမ်တစ်ခါမှ မဆုံဖူးပါပဲ မြင်မြင်ချင်းချစ်မိတဲ့အချစ်ဆိုတာ အတိတ်ဘဝကရှေးရေစက်ကြောင့်ဖြစ်လာရတဲ့အချစ်လို့ယုံ ကြည်ထားကြပါတယ်။ သူနဲ့ကိုယ်နဲ့ရေစက်လားဆိုတာကို သိနိုင်တဲ့ အချက်လေးတွေရှိပါတယ်။ ၁။ ပထမဆုံးဆုံတဲ့အခါ ရင်းနှီးနေတဲ့ ခံစားချက်မျိုး သူနဲ့ပထမဆုံးစတွေ့တဲ့အချိန်မှာ အရင်ထဲကတွေ့ခဲ့ဖူးသလို၊ တစ်နေရာမှာမြင်ဖူးခဲ့သလို စိတ်ထဲမှာရင်းနှီးနေတဲ့ခံစားချက်မျိုးရလိုက်တာပါ။ မြင်မြင်ချင်းချစ်မိတာမျိုးမဟုတ်ရင်တောင် ခဏလေးအတွင်းမှာ အနှစ်နှစ်အလလကခင်မင်ခဲ့ဖူးသလိုမျိုး သံယောဇဉ်တွယ်ပြီး ချစ်မိသွားတာမျိုးပါ။ တကယ်ရှေးရေစက်သာဆိုရင် စိတ်ချပါ သင့်အချစ်ကတစ်ဖက်သက်လုံးဝ မဟုတ်ပါဘူး၊ သူဘက်ကလည်း သင့်လိုတစ်ထပ်တည်းခံစားရမှာပါ။ ၂။ အကြောင်းအရင်း မတိုက်ဆိုင်ပါပဲ သူနဲ့ဆုံတွေ့ရတာမျိုး အစမှာပြောခဲ့သလိုပါပဲ ရေစက်ပါလာရင် ရှောင်လွဲလို့မရပါဘူး။ ကြံဖန်ပြီးကိုဆုံရမှာပါ။ ပထမဆုံးတွေ့ရုံနဲ့ ရင်းနှီးတဲ့ခံစားချက်မျိုးထက် သူက ကိုယ့်ရှေ့ကိုအကြောင်းအရင်းမတိုက်ဆိုင် ပါပဲ … Read more