ကဆုန်လပြည့် ယနေ့ည ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ကြည်ညိုစရာ မြင်ကွင်းများ
ကဆုန်လပြည့် ယနေ့ည ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ကြည်ညိုစရာ မြင်ကွင်းများ ကဆုန်လပြည့်နေ့ညမှာ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးကို ဖူးမြော်ကာ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။ ကပ်သုံးပါးမှ ကျော်လွှားလွတ်မြောက်နိုင်ကြပါစေ။ Credit-Ashin Sanda Zawti “ကဆုန်လပြည့်နေ့ အကြောင်း သိကောင်းစရာများ…” ဗုဒ္ဓဘာသာဝင်တိုင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ အကြောင်းကို သိစေရန်အတွက် ဒီဆောင်းပါးကို ရေးပြီး ဘုရားရှင်ကို ပူဇော်သက္ကာရ ပြုလိုက်ရပါတယ်။ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာတို့ရဲ့ နေ့ထူးနေ့မြတ်ကြီးတစ်နေ့ဖြစ်တယ်။ ဘာကြောင့်လဲ ဆိုတော့ (၁) ဘုရားအလောင်းတော် ရသေ့ သုမေဓာဟာ ဒီဘဒ္ဒကမ္ဘာမှ လေးဆူမြောက် ဂေါတမဘုရားစင်စစ် ဖြစ်လိမ့်မယ်လို့ ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတဗျာဒိတ် ခံယူတဲ့နေ့ဟာ ကဆုန်လပြည့်နေ့ ဖြစ်တယ်။ (၂) ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး မွေးဖွားလာခဲ့တဲ့နေ့လဲ မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့ဖြစ်တယ်။ (၃) ဂေါတမဘုရားအလောင်း ဗောဓိပင်အောက်မှာ … Read more