ကိုဗစ်၁၉ နဲ့ပက်သက်ပြီး တရုတ်တို့ ဖုံးကွယ်ထားတဲ့အရာတွေ ထွက်ပေါ်လာ…
ကိုဗစ်၁၉ နဲ့ပက်သက်ပြီး တရုတ်တို့ ဖုံးကွယ်ထားတဲ့အရာတွေ ထွက်ပေါ်လာ… ကိုရိုနာဗိုင်းရပ်စ်စွဲရောဂါ ပြင်းထန်မှုကို တရုတ်ဖုံးကွယ်ခဲ့ကြောင်း ထောက်လှမ်းတွေ့ရှိချက်အစီရင်ခံစာများ မီဒီယာသို့ ပေါက်ကြား။ ဝူဟန်ဓါတ်ခွဲခန်းမှ ကိုရိုနာဗိုင်းရပ်စ်တို့ လွတ်ထွက်ခဲ့သလား… တရုတ်သည် ဆေးဝါးအထောက်အပံ့ပစ္စည်းများတင်ပို့မှု လျှော့ချ၍ တင်သွင်းမှုတိုးမြှင့်ခဲ့ကြောင်း စိစစ်တွေ့ရှိရပြီး ကိုရိုနာဗိုင်းရပ်စ်စွဲရောဂါ ပြင်းထန်စွာဖြစ်ပွားမှုကို ဖုံးကွယ်ခဲ့ကြောင်းဖော်ပြထားသည့် အမေရိကန်ထောက်လှမ်းရေး အစီရင်ခံစာမှာ မီဒီယာသို့ ပေါက်ကြားခဲ့သည်ဟု CNBC က ယနေ့ရေးသားသည်။ ဇန်နဝါရီလကတည်းက ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စွဲ ကမ္ဘာ့ကူးစက်ကပ်ရောဂါပြင်းထန်မှုကို တရုတ်ခေါင်းဆောင်များအနေဖြင့် တမင်ရည်ရွယ် ဖုံးကွယ်ခဲ့ကြောင်း အမေရိကန် အမိမြေလုံခြုံရေးဋ္ဌာန၏ မေလ ၁-ရက်နေ့ ရက်စွဲပါ စာမျက်နှာ ၄-မျက်နှာရှိ ထောက်လှမ်းရေးအစီရင်ခံစာမှာ Associated Press (AP) သတင်းဋ္ဌာနက ရရှိသွားခဲ့သည်ဆို၏။ အစီရင်ခံစာအရ ဒေါ်နယ်ထရမ့်အစိုးရအနေဖြင့် Covid-19 ရောဂါနှင့် ပတ်သက်၍ တရုတ်နိုင်ငံအပေါ် … Read more