“ မျက်ခုံးလှုပ် ၊အသားလှုပ်ခြင်းတို့၏ နိမိတ်အဟော ”
“ မျက်ခုံးလှုပ် ၊အသားလှုပ်ခြင်းတို့၏ နိမိတ်အဟော ” အသားလှုပ်နိမိတ်ကျမ်း (၁) ငယ်ထိပ်လှုပ်မူ မင်းပူဇော်ခံရအံ့၊ ချစ်ခင်သော မိတ်ဆွေများနှင်တွေ့ရအံ့။ (၂) လက်ဝဲဦးခေါင်းလှုပ်မူ သတင်းကောင်းကြားရအံ့၊ အကြံအစည် အထမြောက်အံ့။ (၃) လက်ယာဦးခေါင်းလှုပ်မူ လာဘ်ရအံ့။ (၄) လက်ယာအထက်မျက်ခုံးလှုပ်မူ လာဘ်ရအံ့။ အဆွေခင်ပွန်းကောင်းနှင့် တွေ့ကြုံရအံ့။ (၅) လက်ဝဲအထက်မျက်ခုံးလှုပ်မူ အကြံအစည်အောင်အံ့။ (၆) လက်ယာအောက်မျက်ရေခံလှုပ်မူ သူတစ်ပါးတို့နှင့် ခိုက်ရန်ညအမျက်ဒေါသရှိအံ့။ ချစ်သူနှင့် တွေ့ရအံ့။ မယားရအံ့။ (၇) လက်ဝဲအောင်မျက်ရေခံလှုပ်မူ ငိုရအံ့။ဆင်းရဲအံ့။ (၈) လက်ယာနားလှုပ်မူ ချမ်းသာအံ့၊ သုခရအံ။ (၉) လက်ဝဲနားလှုပ်မူ သူတပါးနှင့် ခိုက်ရန်ဒေါသဖြစ်ပွားရအံ့။ ဥစ္စာပစ္စည်းရအံ့။ (၁၀) လက်ယာဘက်နှာခေါင်းလှုပ်မူ ချစ်ခင်သူများပြီး မိတ်ဆွေကောင်းရအံ့ (၁၁) လက်ဝဲဘက်နှာခေါင်းလှုပ်မူ ချမ်းသာသုခကို ရအံ့ (၁၂) … Read more