ရည်းစားရှိတဲ့ သူတွေ နားမလည်နိုင်မယ့် Single ဘဝရဲ့ သူမတူတဲ့ ကောင်းကွက်လေးများ

ရည်းစားရှိတဲ့ သူတွေ နားမလည်နိုင်မယ့် Single ဘဝရဲ့ သူမတူတဲ့ ကောင်းကွက်လေးများ ချစ်သူ ရှိတဲ့သူတွေက ချစ်သူ ရှိတာ ဘယ်လောက် ကောင်းကြောင်း ချီးမွမ်းခန်းဖွဲ့လေ့ ရှိကြပါတယ်။ ရည်းစားဘဝက ကောင်းတယ်လို့ ဆိုနေကြပေမယ့်လည်း သူ့မှာလည်း ဆိုးကျိုးတွေနဲ့ ပိုစိတ်ညစ်စရာတွေ ရှိလာစေတတ်ပါတယ်။ ချစ်သူမရှိတဲ့ Single လေးတွေကတော့ တကယ့်ကို ကောင်းကျိုးလေးတွေ ပေါများလွန်းလှပါတယ်။ သူတို့တွေရဲ့ နေ့စဉ်ဘဝကတော့ ဒီအချက်တွေနဲ့ ပြည့်စုံနေပါတယ်။ ၁။ မိဘတွေကို ဂရုစိုက်ပေးနိုင်တယ် ၂။ အားလပ်ချိန်လည်း ရတယ် ၃။ စိတ်ညစ်စရာတွေ ပိုမလာဘူး ၄။ ကိုယ့်စိတ်တိုင်းကျ လုပ်နိုင်တယ် ၅။ ငွေပိုသုံးနိုင်တယ် ၆။ ဖုန်းဘေလည်း သက်သာတယ် ၇။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိလာတယ် ၈။ ကိုယ့်လုပ်နိုင်စွမ်း … Read more

ရေရှည်လက်တွဲပျော်ရွှင်တဲ့ Relationship တစ်ခု ဖြစ်ဖို့ သိထားသင့်တဲ့အချက် (၄) ချက်

ရေရှည်လက်တွဲပျော်ရွှင်တဲ့ Relationship တစ်ခု ဖြစ်ဖို့ သိထားသင့်တဲ့အချက် (၄) ချက် အချစ်ရေးအချစ်ရာဆိုတာ ဘယ်တော့မှလွယ်ကူဖြောင့်တန်းတယ်မရှိပါဘူး။ ဒါပေမယ့်လည်း Relationship တစ်ခု ရေရှည်ပျော်ရွှင်ဖို့အတွက် သိထားသင့်တဲ့ သင်ခန်းစာတွေ ရှိပါတယ်။ ဒီသင်ခန်းစာတွေကိုသာ မှန်မှန်ကန်ကန် လိုက်နာကျင့်သုံးမယ်ဆိုရင် ပိုပြီး ပျော်ရွှင်ချမ်းမြေ့တဲ့ Relationship တစ်ခု တည်ဆောက်နိုင်မှာပါ။ (၁) နားထောင်ခြင်းက အရေးပါပါတယ် စကားပြောကောင်းသူတစ်ယောက် ဖြစ်ခြင်းဟာ အရေးပါတဲ့ soft skill ပါ။ လူတော်တော်များများဟာ ကိုယ့်အသံကို ပြန်ကြားရတာကို ကျေနပ်နှစ်သိမ့်ကြပါတယ်။ ဒါပေမယ့် တစ်ဘက်လူရဲ့ အသံကို နားထောင်ပေးခြင်းရဲ့ အားက ပိုပြီး အရေးပါတဲ့ အချိန်တွေ ရှိပါတယ်။ ချစ်သူရည်းစားဘဝပဲ ဖြစ်ဖြစ် အိမ်ထောင်သည်ဘဝပဲ ရောက်ရောက် အတူတူ ပြဿနာတွေ ဖြေရှင်းနေရချိန်မှာ ကိုယ့်ဇနီးမယား ၊ … Read more

“လူပျိုကြီး၊ အပျိုကြီး ကျိန်းသေ ဖြစ်လာမယ့်သူတွေမှာသာ မြင်တွေ့ရမယ့် စရိုက်လက္ခဏာများ”

“လူပျိုကြီး၊ အပျိုကြီး ကျိန်းသေ ဖြစ်လာမယ့်သူတွေမှာသာ မြင်တွေ့ရမယ့် စရိုက်လက္ခဏာများ” အပျိုကြီး၊ လူပျိုကြီးဆိုတာ လွယ်လွယ်လေး ဖြစ်သွားကြတာတော့ မဟုတ်ပါဘူး။ သူတို့တွေမှာ တခြားသူတွေထက် ထူးခြားနေတတ်တဲ့ အရာတွေ ရှိနေတတ်ပါတယ်။ ဒီအချက်တွေကပဲ သူတို့ကို လူပျိုကြီး၊ အပျိုကြီးတွေ ဖြစ်သွားစေတာ ဖြစ်ပါတယ်။ ဒါကြောင့် လူပျိုကြီး၊ အပျိုကြီး ဖြစ်လာမယ့် သူတွေမှာ ဒီလို အချက်တွေ တွေ့ရမှာ ဖြစ်ပါတယ်နော်။ ၁။ ဇီဇာကြောင်တယ် ဒါကတော့ အဓိက အချက် ဖြစ်ပါတယ်။ ဇီဇာကြောင်တတ်တဲ့ အကျင့်ကတော့ တနည်းနည်းနဲ့ ရှိနေတတ်ပါတယ်။ သန့်ရှင်းမှု အပိုင်းမှာ ဇီဇာကြောင်တာ၊ လူတွေနဲ့ ဆုံရင် ဇီဇာကြောင်တာ၊ အစားအသောက်နဲ့ ပတ်သတ်ရင် ဇီဇာကြောင်တာ စသဖြင့် တစ်ခုခုမှာ ပုံမှန်ထက် လွန်လွန်ကဲကဲ ဇီဇာကြောင်လွန်းတာက … Read more

လောကမှာ အောက်တန်းအကျဆုံး ယောက်ျား ( ၄ ) မျိုး

လောကမှာ အောက်တန်းအကျဆုံး ယောက်ျား ( ၄ ) မျိုးပဲရှိတယ် ( ၁ ) ကိုယ်တာဝန်မယူနိုင်ပဲ သူများအပျိုစင် ဘဝကို ဖျက်စီးတတ်သော ယောက်ျား ( ၂ ) ကိုယ်နဲ့ပြတ်သွားတဲ့ မိန်းခလေး မကောင်းကြောင်းကို နောက်ရည်းစားကို အတင်းပြောတတ်သော ယောက်ျား ( ၃ ) မိန်းမတစ်ယောက်ဆီက ကပ်ဖားရပ်ဖား ချူစားတတ်သော ယောက်ျား ( ၄ ) ကိုယ်နဲ့ ပြတ်သွားပြီးကာမှ အရှုံးမရှိပါဘူးကွာလို့ပြောတဲ့ယောက်ျား အမှန်တွေပြောပြလို မကြိုက်ဘူးဆိုရင် Block သွားနိင်တယ်ဗျာ……. ဘဝ နိဒါန်း.. ….. ရွံတရ် အဲ့လိုယောကျာ်မျိုး owner Wai =============== UNICODE လောကမှာ အောက်တန်းအကျဆုံး ယောက်ျား ( … Read more

လက်ရှိ relationship ဟာ လုံးဝ အဖတ်ဆယ် မရတော့ဘူးဆိုတာ ဖော်ပြနေတဲ့ အချက် (၅) ချက်

လက်ရှိ relationship ဟာ လုံးဝ အဖတ်ဆယ် မရတော့ဘူးဆိုတာ ဖော်ပြနေတဲ့ အချက် (၅) ချက် ပတ်ဝန်းကျင်မှာ အဆင်မပြေလည်းဘဲ ချစ်တဲ့စိတ်တစ်ခုတည်းကြောင့် ယိုယွင်းနေတဲ့ relationship ထဲက မထွက်ဘဲသည်းခံပြီးနေနေတဲ့လူတွေ ရှိတတ်ကြပါတယ်။ တစ်ချိန်မှာ ကောင်းလာမလားဆိုတဲ့ မျှော်လင့်စိတ်နဲ့ ပေတေနေနေမေယ့်လို့ ဘယ်လိုမှ ပြန်ပြီး ပြင်လို့မရနိုင်တော့တဲ့ relationship တွေ ရှိနေပါတယ်။ အဖတ်ဆယ်လို့ မရနိုင်တော့တဲ့ relationship တစ်ခုဆိုတာ ဘယ်လိုမျိုးလဲဆိုတာရှာဖွေကြည့်ပြီးတော့ အချက်တိုင်းလိုလိုနဲ့ ကိုက်ညီမှုရှိနေပြီဆိုရင် ရုန်းထွက်လိုက်ပါတော့။ (၁) ယုံကြည်မှုပျောက်ဆုံးနေပြီဆိုရင် သင်တို့ကြားထဲမှာ တစ်ဦးပေါ်တစ်ဦး ယုံကြည်မှုပျောက်ဆုံးနေပြီး သံသယစိတ်တွေများနေမယ်၊ သူဘာပြောပြော မယုံကြည်တော့ဘဲနဲ့ အမြဲတမ်း စောင့်ကြည့်နေရတဲ့ အနေအထားတစ်ခုကို ရောက်နေပြီဆိုရင် သင်တို့ relationship ဟာ ဘယ်လိုမှ အဖတ်ဆယ်လို့ရတော့မှာမဟုတ်ပါဘူး။ (၂) ရင်မခုန်တော့ဘူး … Read more

ရှင်းရှင်းဘွင်းလွင်း ပြောတတ်တဲ့သူတွေဟာ သူငယ်ချင်းကောင်းတွေဖြစ်ကြောင်းလေ့လာတွေ့ရှိ

ရှင်းရှင်းဘွင်းလွင်း ပြောတတ်တဲ့သူတွေဟာ သူငယ်ချင်းကောင်းတွေဖြစ်ကြောင်း တွေ့ရှိ သင့်သူငယ်ချင်းတွေထဲမှာ ဘွင်းဘွင်းပြောတတ်လွန်းတဲ့ ရိုက်ပေါက်သူငယ်ချင်းတွေ ဒါမှမဟုတ် တစ်ခုခုဆို ဒဲ့ပြောတတ်လွန်းလို့ အပေါက်ဆိုးတယ်လို့ အထင်ခံရတဲ့ သူငယ်ချင်းတွေ ရှိပါသလား။ ခုဖော်ပြပေးမှာကတော့ အပြောကြမ်းတဲ့သူတွေ၊ ဒဲ့ပြောတတ်တဲ့သူတွေဟာ သူငယ်ချင်းကောင်းတွေဖြစ်တယ်ဆိုတာပါပဲ။ အကြောင်းရင်းကတော့ ကြည့်လိုက်ရအောင်နော်။ (၁) အရှိအတိုင်းပြောတတ်တယ် သူတို့ဟာ အရှိကိုအရှိအတိုင်းပြောတတ်သူတွေပါ။ ဒါကလည်းသူတို့ဟာ ရိုးသားလို့ဖြစ်ပါတယ်။ တစ်ခါတလေ သင်ကြားချင်တဲ့စကားမျိုးလည်း ဖြစ်ချင်မှဖြစ်မယ် ဒါပေမယ့်လည်း အရှိအတိုင်း၊ အမှန်အတိုင်း ရိုးရိုးသားသားပြောနေတာပါ။ ဒီလိုပြောလို့လည်း သင့်ကိုအရှက်ကွဲစေချင်လို့၊ မကောင်းတဲ့စိတ်ထားမျိုးနဲ့ပြောတာမဟုတ်ပါဘူး။ သင့်ကို မုသားတွေနဲ့ အချိုမသတ်ချင်တဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်နေလို့ပါ။ (၂) သင့်ကိုတကယ်ခင်တယ် ဒဲ့ပြောတတ်တဲ့သူတွေဟာ ဟန်ဆောင်ပြီးပေါင်းသင်းတတ်သူတွေ မဟုတ်ပါဘူး။ သူတို့မကြိုက်ရင် အစကတည်းက ပေါင်းမှာကို မဟုတ်ပါဘူး။ သင့်ကို ခင်မင်တယ်၊ ပေါင်းသင်းတယ်ဆိုတာ သင့်ကိုသူတကယ် ခင်လို့ဖြစ်ပြီး … Read more

အမှားကို ၀န်မခံတဲ့ချစ်သူမျိုးက သင့်အပေါ် အနိုင်ယူမယ့်ချစ်သူမျိုး ဟုတ် ၊ မဟုတ်သိသာစေတဲ့အချက်များ

အမှားကို ၀န်မခံတဲ့ချစ်သူမျိုးက သင့်အပေါ် အနိုင်ယူမယ့်ချစ်သူမျိုး ဟုတ် ၊ မဟုတ်သိသာစေတဲ့အချက်များ ချစ်သူဘ၀ဆိုတာ အမြဲရင်ခုန်စိတ်လှုပ်ရှားမှုတွေနဲ့ပြည့်နှပ်နေမှ ပျော်ဖို့ကောင်းတာပါ။ သင့်ကို ချစ်တယ်ပြောပေမယ့် အမြဲအနိုင်ယူနေတတ်တဲ့ချစ်သူမျိုးကို ပိုင်ဆိုင်နေရရင်တော့ လမ်းခွဲပစ်လိုက်ဖို့ နောင်တမရနေပါနဲ့။ ဒီအချက်တွေရှိတဲ့ချစ်သူမျိုးက သင့်အပေါ် အနိုင်ယူစိတ်များပြီး သူ့အမှားကို ၀န်မခံတတ်တဲ့ချစ်သူမျိုးပဲဖြစ်ပါတယ်။ (၁) သင့်ကို အပြစ်ပြောတတ်တယ် သင့်ကို အမြဲအနိုင်ယူနေတတ်တဲ့ချစ်သူမျိုးက သင့်ကို အမြဲအပြစ်ပြောတတ်တယ်။ ဒီလို အပြစ်တင်ချိန်မျိုးမှာလည်း မှိုချိုးမျှစ်ချိုးပြောပြီး အပြစ်ပြောတယ်။ သူ့ဘက်က မှားနေရင်တောင် အမှားကို ၀န်မခံတတ်ဘဲ သင့်ကိုပဲ အပြစ်ပြောတတ်တယ်။ တကယ်လို့သင့်ချစ်သူက သူ့အပြစ်တွေကို ဖုံးပြီး သင့်အပြစ်ဖြစ်အောင် ရှာပြောရင်တော့ သင့်ကို အနိုင်ယူနေတဲ့သဘောမျိုးပါ။ (၂) သင့်ကို အသိအမှတ်မပြုဘူး သင့်ဘာပဲလုပ်လုပ် သင့်လုပ်တဲ့အရာပေါ်ကို အသိအမှတ်မပြုပေးဘူး။ သူ့အတွက် ရေခပ်ပေးရင်တောင် “ အပိုအလုပ်တွေ … Read more

ဘုန်းကံမြင့်သော မိန်းမများ အမျိုးသမီးများအတွက် ခွန်အားဖြစ်စေသောပိုစ့်လေးတစ်ပုဒ်

ဘုန်းကံမြင့်သော မိန်းမများ.. အမျိုးသမီးများအတွက် ခွန်အားဖြစ်စေသောပိုစ့်လေးတစ်ပုဒ် ဘုန်းကံမြင့်သော မိန်းမများ.. အစွန့်ပစ်ခံ မိန်းမသားတို့၏ ဘုန်းကံဆိုတာ ယောက်ျား ဖြစ်သူကထားခဲ့လို့ဖြစ်စေ ချစ်သူကထားခဲ့လို့ ဖြစ်စေ အငယ်အနှောင်းယူသွားလို့ဖြစ်စေ …. အပြစ်ရှာ ထွက်ခွာလို့ဖြစ်စေစွန့်ပစ်ခဲ့ရင် မိန်းမ တချို့ ဘဝ ပျက်မတတ်ဖြစ်တတ်ကြပါတယ်….အမှန်က ပျော်ရမှာပါလက်ခုပ်တီးပြီးကို ကျေနပ် ဝမ်းမြောက်စွာပျော်နေရမှာပါ…. ကိုယ်ငယ်ရွယ်ကျန်းမာတုန်း သန်စွမ်းနေတုန်း ရှာဖွေနိုင်တုန်းမှာ သိလိုက်ရတဲ့ အတွက် ကိုယ့် တန်ဖိုး နားမလည်တဲ့လူရဲ့ ဘေးနားမှာနေပြီး …. အဓိပ္ပါယ်မဲ့ ဖြတ်သန်းရ ခြင်းထက် နှောင့်ဖွဲ့ခြင်းမဲ့စွာ ဘဝ ကိုလွတ်လပ်စွာ တည်ဆောက်ရခြင်းက ပိုကောင်းတယ်ဆိုတာကို နားလည်ခဲ့ရင် ဒီမိန်းမဟာ ပျော်သင့်ပါတယ်… တခါက ဘုရင်ကြီး တစ်ပါးမှာ သမီး(၃)ယောက် ရှိသတဲ့….ဘုရင်ကြီးက သမီးတော် တို့ ဒီလိုနေနေရတာ ဘာကြောင့်လဲလို့ မေးတဲ့အခါ … Read more

မိန်းကလေး တစ်ယောက် ရဲ့ (အိုး) တင် ၊ ရင် တွေကြည့်ပြီး အပျိုစစ် လား? မစစ်လား? ဝေဖန်နေကြတဲ့ တစ်ချို့ လူတွေ ဖတ်ဖို့

မိန်းကလေး တစ်ယောက် ရဲ့ (အိုး) တင် ၊ ရင် တွေကြည့်ပြီး အပျိုစစ် လား? မစစ်လား? ဝေဖန်နေကြတဲ့ တစ်ချို့ လူတွေ ဖတ်ဖို့ ယောက်ျားဆိုတာ မယုတ်မာ ဖို့ပဲ လိုတာပါ မိန်းကလေးတစ်ယောက် ရဲ့ တင် ရင် တွေကြည့်ပြီးအပျိုစစ်လား မစစ်လား ဝေဖန်နေတဲ့ တစ်ချို့ကောင်တွေမင်းတို့ရော လူပျိုစစ်ရဲ့လား?ရမလား စမ်းတာ ယောက်ျား သဘာဝလို့ မပြောပါနဲ့ အဲ့ဒီစကားတစ်ခွန်းကြောင့် မိန်းကလေးပေါင်းများစွာရဲ့အရှက်သိက္ခာ နစ်နာမှုတွေ ဘယ်လောက်များပြီးလဲကိုယ်ချင်းစာမိရဲ့လား? အိုင်တွေ့လို့ ခြေဆေးမယ် ဆိုကတည်းက ကိုယ်ခြေထောက်က နဂိုကတည်းက မသန့်လို့ပဲ ဆိုတာသိထားပါ… ကိုယ်ကိုယ်တိုင်က နှမချင်းစာနာတတ်တဲ့ စိတ် မရှိရင် ခွေးထက်ယုတ်ညံသွားလိမ့်မယ်… Tattoo ထိုးမှ ယောက်ျား ပီသတယ် ထင်နေလားဆေးလိပ်/ အရက်သောက်မှ ယောက်ျားပီသတယ် … Read more

မိန်းကလေး တိုင်း သိထားသင့်တဲ့ အမှန်တရား

မိန်းကလေး တိုင်း သိထားသင့်တဲ့ အမှန်တရားတွေများလား ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် မင်္ဂလာဆောင်ဖို့ ပြင်ဆင်ကြတယ်။ ယောက်ျားမှာ စုထားတဲ့ငွေ သိန်း ၂၅ဝရှိတယ်၊ မိန်းမမှာက သိန်း ၂ဝဝရှိတယ်။ (ကိန်းဂဏန်းတစ်ခုအဖြစ် ရေးပါတယ်) မင်္ဂလာမဆောင်ခင် ယောက်ျားရဲ့ပိုက်ဆံနဲ့ အိမ်ခန်းတစ်ခန်း အရစ်ကျဝယ်လိုက်တယ်၊ မိန်းမရဲ့ပိုက်ဆံကို အိမ်အပြင်အဆင် အသုံးအဆောင်တွေအတွက် သုံးလိုက်တယ်။ မင်္ဂလာဆောင်ပြီးတဲ့နောက် ယောက်ျားက သူရတဲ့လခထဲကနေ လစဉ်အိမ်ခန်းခအရစ်ကျဆပ်တယ်၊ကျန်ငွေကိုစုတယ်။ မိန်းမက သူရတဲ့လခနဲ့ နေအိမ် စားဝတ်နေရေးအတွက်သုံးတယ်၊ ကျန်တာကိုစုတယ်။ ၃နှစ်လွန်တော့ မိန်းမ မှာကိုယ်ဝန်ရှိလာတယ်၊ ကလေးမွေးချိန်မှာယောက်ျားရာထူးတိုးတယ်၊ လခလည်းတိုးသွားတယ်။ကလေးကိုပြုစုဖို့ လူလိုလာတယ်။ ကလေးထိန်းခေါ်ရင် ပိုက်ဆံပေးရမယ့်အတူတူ နှစ်ယောက်လုံး သေချာတိုင်ပင်ပြီးတဲ့နောက်မှာ မိန်းမကအလုပ်ထွက်ပြီး ကလေးကိုပြုစုစောင့်ရှောက်ဖို့ ဆုံးဖြတ်လိုက်တယ်။ မိန်းမဟာ ကလေးနဲ့ယောက်ျားကိုပြုစုတဲ့ အိမ်ရှင်မလုံးလုံးဖြစ်သွားတယ်။၁ဝနှစ်အကြာမှာ ယောက်ျားက ရာထူးတိုးသထက်တိုးပြီး အောင်မြင်တဲ့သူတစ်ဦးဖြစ်လာခဲ့တယ်။ မိန်းမက နေ့တိုင်း … Read more