—————————
unicode
အိမ်တိုင်မှာကြိုးတုပ်ပီး အရိုက်ခံရတဲ့ကလေးလေး ရုပ်သံဖိုင် ဝေဖန်မှုတွေမြင့်တက်နေ
ဒီဗွီယိုဖိုင်ကတော့ ပီးခဲ့တဲ့ 29ရက်နေ့က တင်ထားတာဖြစ်ပီး လူပေါင်း 27သန်းကျော်ကြည့်ရှု့ခဲ့ကြတဲ့ ဗွီယိုဖိုင်တစ်ခုဖြစ်ပါတယ်။ ဝေဖန်မှုတွေလည်း များစွာမြင့်တက်ခဲ့ပါတယ်။ ပြန်လည်မျှဝေသူလည်း 2သန်းကျော်ရှိနေပါတယ်။
ဗွီယိုဖိုင်ထဲမှာတော့ ကလေးငယ်လေးကို အိမ်တိုင်မှာကြိုးတုပ်ပီး ပက်ပက်စက်စက် ရိုက်နှက်နေတာဖြစ်ပါတယ်။ ကျန်ကလေးငယ်လေးတွေမှာလည်း ကြောက်လန့်စိုးရိမ်စွာနဲ့ အိမ်ပေါက်ကနေရပ်ကြည့်နေတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။
ရိုက်ရုံတင်အားမရလို့ ချေတောက်နဲ့လှိမ့်ကန်တယ်၊ ကိုင်ပေါက်တယ်၊ ထွက်ပြေးတော့ ဆံပင်ဆွဲပီး ဒရွတ်တိုက်ဆွဲခေါ်လာပြန်ပါတယ်။ တကယ်တော့ ကလေးငယ်လေးတွေဟာ အဖြူထည်လေးတွေပါ။ ဒီအရွယ်လေးတွေမှာ မကောင်းမှုဒုစရိုက်တွေလည်း ကြီးကြီးမားမားမလုပ်နိုင်သေးပါဘူး။
လုပ်နိုင်တယ်ထားပါ ကလေးငယ်တစ်ယောက်ကို ဒီလောက်အထိ မရိုက်နှက်သင့်ပါဘူး။ အားကြီးတဲ့ လူကြီးဆိုပီး အားငယ်တဲ့ကလေးအပေါ် ဒီလောက်အထိလုပ်တာဟာ ဥပဒေအရလည်း အပြစ်ရှိပါတယ်။
မိသားစုတစ်ခုမှာ ဆင်းရဲခြင်း ချမ်းသာခြင်းထက် နွေးထွေးတဲ့ ကြင်နာမှုတွေလိုပါတယ်။ ကိုယ့်လင်၊ ကိုယ့်မယား၊ ကိုယ့်သားသမီးလေးတွေကို ကြင်နာမှသာ သာယာတဲ့ မိသားစုလေးဖြစ်မှာပါဗျာ။ အခုတော့ ကြည့်ရတာကို စိတ်ထဲမကောင်းလိုက်တာဗျာ။ ကလေးကိုလည်း အရမ်းသနားမိပါတယ်။ #သာဂိ