ကမာၻ႔လူဦးေရထက္ဝက္ကို မရဏလက္ထဲပို႔မယ့္ ကပ္ဆိုးႀကီးတစ္ခုရွိေနေသးဟု ပညာရွင္တစ္ဦးဆို

ကမာၻ႔လူဦးေရထက္ဝက္ကို မရဏလက္ထဲပို႔မယ့္ ကပ္ဆိုးႀကီးတစ္ခုရွိေနေသးဟု ပညာရွင္တစ္ဦးဆို

ကမာၻ႕လူဦးေရထက္ဝက္ေက်ာ္ကို မရဏလက္ထဲ ပုိ႔ေဆာင္ေပးမယ့္ ေရာဂါတစ္ခု ရွိေနေသးေၾကာင္း အမ်ားျပည္သူကုိ ပညာရွင္တစ္ဦးက သတိေပးခဲ့ပါတယ္။ အဆုိပါ ပညာရွင္ကေတာ့ “How To Survive a Pandemic” စာအုပ္ကို ေရးသားတဲ့ ေဒါက္တာ Michael Greger ျဖစ္ၿပီး၊ အဲဒီေရာဂါသာ လူေတြဆီကို ေရာက္သြားခဲ့ရင္ ကိုဗစ္-၁၉ထက္ ပုိဆုိးမယ္လုိ႔ ဆုိပါတယ္။

ေဒါက္တာ Greger ရဲ႕စာအုပ္ဟာ ကမာၻ႕ေရာင္းရအေကာင္းဆုံး စာအုပ္စာရင္း ဝင္ခဲ့ၿပီး၊ ကုိဗစ္ထက္ဆုိးေစမယ္ဆုိတဲ့ ကပ္ဆုိးကို ျဖစ္ေစႏုိင္တဲ့ ကပ္ေရာဂါကေတာ့ ၾကက္ငွက္တုပ္ေကြး H5N1 (Bird Flu) လုိ႔ အေခၚမ်ားတဲ့ Avian influenza (အျပည့္အစုံ-Influenza A virus subtype H5N1) ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ ၾကက္ေတြ ငွက္ေတြမွာသာ ျဖစ္တတ္တဲ့ Type A ဗုိင္းရပ္စ္ေရာဂါဆုိေသာ္လည္း-

လူေတြဆီသာ ေရာက္လာခဲ့ရင္ မေခ်ာင္ဘူးလုိ႔ ေဒါက္တာ Greger က ေျပာပါတယ္။ ဒီေရာဂါသာ လူေတြဆီ ေရာက္လာခဲ့ရင္ ကုိဗစ္-၁၉ဆုိတာ မေျပာပေလာက္တဲ့ ပမာဏျဖစ္သြားႏုိင္ၿပီး၊ ကမာၻ႕လူဦးေရရဲ႕ ထက္ဝက္ေက်ာ္ကိုေတာင္ ေသမင္းျပည္ ပုိ႔ေပးႏုိင္ေၾကာင္း ေဒါက္တာ Greger က သတိေပးခဲ့တာပါ။ ၾကက္ငွက္တုပ္ေကြးဟာ အလြန္ထိန္းခ်ဳပ္ဖုိ႔ ခက္ခဲေနဆဲျဖစ္ၿပီး၊

လူေတြနဲ႔ တိရစာၦန္ေတြ အလြန္လက္ပြန္းတတီး ေနထုိင္ျခင္းက ဒီဒုကၡဆုိးကို ျဖစ္ေစဖုိ႔ လမ္းစလုိ႔ ေျပာပါတယ္။ H5N1 ကူးစက္ျမန္ေရာဂါဟာ (၁၉၉၇)ခုႏွစ္ ေဟာင္ေကာင္မွာ စတင္ခဲ့ပါတယ္။ အဲဒီေနာက္ (၂၀၀၃)ခုႏွစ္နဲ႔ (၂၀၀၉)ခုႏွစ္မွာ ဒီကူးစက္ေရာဂါ နာလံျပန္ထူလာခဲ့ပါတယ္။ ဒီကပ္ဆုိးႀကီးကို ကာကြယ္ဖုိ႔အတြက္ ေဒါက္တာ Greger က ၾကက္ငွက္ ေမြးျမဴေရးအပိုင္းမွာ နည္းလမ္းသစ္တစ္ခု ေျပာင္းလဲသင့္တယ္လုိ႔ အႀကံျပဳထားပါတယ္။

သူ႕အဆုိအရ တခ်ိဳ႕ ၾကက္ေမြးၿခံေတြမွာ ၾကက္ေကာင္ေရ ျပြတ္သိပ္ေနၿပီး၊ ေတာင္ပံကားဖုိ႔ေတာင္ ေနရာက်ယ္က်ယ္ မရွိဘူးလုိ႔ ဆုိပါတယ္။ ေနာက္ၿပီး သူတုိ႔ မစင္ေတြဆီကေန ျမင့္မားလြန္းတဲ့ အမုိးနီးယား Level ကလည္း ေရာဂါေတြကို လက္ခံလုိ႔ရႏုိင္တဲ့ အေၾကာင္းျပခ်က္ပါလုိ႔ သူက ေထာက္ျပထားပါတယ္။ ေမြးျမဴေရး လုပ္ငန္းေတြမွာ အစုလုိက္အၿပဳံလိုက္ မေမြးနဲ႔လုိ႔ မတားျမစ္လုိေပမယ့္၊

ၾကက္ေတြအတြက္ လုိအပ္တဲ့ ေနရာအက်ယ္အဝန္း၊ တစ္ေကာင္ခ်င္း ထိေတြ႕မႈကို တက္ႏုိင္သမွ် တားျမစ္ျခင္းက ပုိၿပီးသင့္ေတာ္တယ္လုိ႔ ေဒါက္တာ Greger က ေျပာခဲ့ပါတယ္။ လက္ရွိအခ်ိန္ထိေတာ့ ကမာၻေျမႀကီးဟာ ကိုဗစ္-၁၉ကို တုိက္ပြဲဝင္ေနရဆဲျဖစ္ၿပီး၊ ထိေရာက္တဲ့ ေဆးဝါးလည္း မေပၚေသးပါဘူး။ တခ်ိဳ႕နုိင္ငံေတြမွာေတာ့ ေရာဂါကို အျပည့္အဝ ထိန္းခ်ဳပ္လုိက္ႏုိင္ၿပီျဖစ္ေၾကာင္း ထုတ္ျပန္တာမ်ိဳးေတြ ရွိပါတယ္။

ဘာသာျပန္-လင္းေဇာ္ကုိ

Ref ; The Sun

—————————

Unicode

ကမ္ဘာ့လူဦးရေထက်ဝက်ကျော်ကို မရဏလက်ထဲ ပို့ဆောင်ပေးမယ့် ရောဂါတစ်ခု ရှိနေသေးကြောင်း အများပြည်သူကို ပညာရှင်တစ်ဦးက သတိပေးခဲ့ပါတယ်။ အဆိုပါ ပညာရှင်ကတော့ “How To Survive a Pandemic” စာအုပ်ကို ရေးသားတဲ့ ဒေါက်တာ Michael Greger ဖြစ်ပြီး၊ အဲဒီရောဂါသာ လူတွေဆီကို ရောက်သွားခဲ့ရင် ကိုဗစ်-၁၉ထက် ပိုဆိုးမယ်လို့ ဆိုပါတယ်။

ဒေါက်တာ Greger ရဲ့စာအုပ်ဟာ ကမ္ဘာ့ရောင်းရအကောင်းဆုံး စာအုပ်စာရင်း ဝင်ခဲ့ပြီး၊ ကိုဗစ်ထက်ဆိုးစေမယ်ဆိုတဲ့ ကပ်ဆိုးကို ဖြစ်စေနိုင်တဲ့ ကပ်ရောဂါကတော့ ကြက်ငှက်တုပ်ကွေး H5N1 (Bird Flu) လို့ အခေါ်များတဲ့ Avian influenza (အပြည့်အစုံ-Influenza A virus subtype H5N1) ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကြက်တွေ ငှက်တွေမှာသာ ဖြစ်တတ်တဲ့ Type A ဗိုင်းရပ်စ်ရောဂါဆိုသော်လည်း-

လူတွေဆီသာ ရောက်လာခဲ့ရင် မချောင်ဘူးလို့ ဒေါက်တာ Greger က ပြောပါတယ်။ ဒီရောဂါသာ လူတွေဆီ ရောက်လာခဲ့ရင် ကိုဗစ်-၁၉ဆိုတာ မပြောပလောက်တဲ့ ပမာဏဖြစ်သွားနိုင်ပြီး၊ ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ကျော်ကိုတောင် သေမင်းပြည် ပို့ပေးနိုင်ကြောင်း ဒေါက်တာ Greger က သတိပေးခဲ့တာပါ။ ကြက်ငှက်တုပ်ကွေးဟာ အလွန်ထိန်းချုပ်ဖို့ ခက်ခဲနေဆဲဖြစ်ပြီး၊

လူတွေနဲ့ တိရစ္ဆာန်တွေ အလွန်လက်ပွန်းတတီး နေထိုင်ခြင်းက ဒီဒုက္ခဆိုးကို ဖြစ်စေဖို့ လမ်းစလို့ ပြောပါတယ်။ H5N1 ကူးစက်မြန်ရောဂါဟာ (၁၉၉၇)ခုနှစ် ဟောင်ကောင်မှာ စတင်ခဲ့ပါတယ်။ အဲဒီနောက် (၂၀၀၃)ခုနှစ်နဲ့ (၂၀၀၉)ခုနှစ်မှာ ဒီကူးစက်ရောဂါ နာလံပြန်ထူလာခဲ့ပါတယ်။ ဒီကပ်ဆိုးကြီးကို ကာကွယ်ဖို့အတွက် ဒေါက်တာ Greger က ကြက်ငှက် မွေးမြူရေးအပိုင်းမှာ နည်းလမ်းသစ်တစ်ခု ပြောင်းလဲသင့်တယ်လို့ အကြံပြုထားပါတယ်။

သူ့အဆိုအရ တချို့ ကြက်မွေးခြံတွေမှာ ကြက်ကောင်ရေ ပြွတ်သိပ်နေပြီး၊ တောင်ပံကားဖို့တောင် နေရာကျယ်ကျယ် မရှိဘူးလို့ ဆိုပါတယ်။ နောက်ပြီး သူတို့ မစင်တွေဆီကနေ မြင့်မားလွန်းတဲ့ အမိုးနီးယား Level ကလည်း ရောဂါတွေကို လက်ခံလို့ရနိုင်တဲ့ အကြောင်းပြချက်ပါလို့ သူက ထောက်ပြထားပါတယ်။ မွေးမြူရေး လုပ်ငန်းတွေမှာ အစုလိုက်အပြုံလိုက် မမွေးနဲ့လို့ မတားမြစ်လိုပေမယ့်

ကြက်တွေအတွက် လိုအပ်တဲ့ နေရာအကျယ်အဝန်း၊ တစ်ကောင်ချင်း ထိတွေ့မှုကို တက်နိုင်သမျှ တားမြစ်ခြင်းက ပိုပြီးသင့်တော်တယ်လို့ ဒေါက်တာ Greger က ပြောခဲ့ပါတယ်။ လက်ရှိအချိန်ထိတော့ ကမ္ဘာမြေကြီးဟာ ကိုဗစ်-၁၉ကို တိုက်ပွဲဝင်နေရဆဲဖြစ်ပြီး၊ ထိရောက်တဲ့ ဆေးဝါးလည်း မပေါ်သေးပါဘူး။ တချို့နိုင်ငံတွေမှာတော့ ရောဂါကို အပြည့်အဝ ထိန်းချုပ်လိုက်နိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်တာမျိုးတွေ ရှိပါတယ်။

ဘာသာပြန်-လင်းဇော်ကို

Ref ; The Sun