(၁၁) နှစ်ကလေးအများစုမှာတော့ အပူပင်မရှိ ကျောင်းတက်နိုင် ၊ သူငယ်ချင်းတွေပျော်ပျော်ရွှင်ရွှင်

မသန္စြမ္းျဖစ္ေနလုိ႔ မိဘေတြက စြန္႔ပစ္ခဲ့ၾကေပမယ့္ “အဖ”အရာပီသခဲ့တဲ့ (၁၁)ႏွစ္ အရြယ္ အကုိၾကီးတစ္ေယာက္အေၾကာင္း…

(၁၁) ႏွစ္ကေလးအမ်ားစုမွာေတာ့ အပူပင္မရွိ ေက်ာင္းတက္ႏုိင္ ၊ သူငယ္ခ်င္းေတြေပ်ာ္ေပ်ာ္ရႊင္ရႊင္ေဆာ့ကစားႏုိင္ၾကပါတယ္။

ဒီကေလးေလးကေတာ့ သူရဲ႕ မသန္စြမ္းျဖစ္ေနတဲ့ ၄ ႏွစ္သားအရြယ္ညီငယ္ေလးကို ခ်ီပိုးရင္း ေက်ာင္းတက္ေနရတာပါ။

သူ႕သူငယ္ခ်င္းေတြ ေဆာ့ကစားေနတာကိုေငးေမာၾကည့္ေနယံုကလြဲၿပီး သူ႕မသန္စြမ္းညီငယ္ေလးကို ဂရုတစုိက္ ျပဳစုေနရလုိ႕ ကိုယ္တုိင္၀င္ေရာက္မကစားႏုိင္ရွာပါဘူး။

၁၁ ႏွစ္အရြယ္ေကာင္ေလးအမည္ကေတာ့ အဲလစ္ပီရဲတာ အမည္ရၿပီး သူ႕ညီေလး ေအေဂ်ကေတာ့စကားမေျပာႏုိင္၊ လမ္းမေလွ်ာက္ႏုိင္တဲ့ မသန္စြမ္းသူတစ္ေယာက္ပါ…။

ဒီသနားစရာ ကေလးႏွစ္ေယာက္ကငယ္ရြယ္စဥ္ကတည္းက တာ၀န္ယူတာ၀န္ခံမႈမရွိတဲ့ မိဘႏွစ္ပါးရဲ႕စြန္႕ပစ္တာကိုခံခဲ့ရပါတယ္။

ဒါေၾကာင့္ဂရုစုိက္ျပဳစုမယ့္သူမရွိတဲ့ မသန္စြမ္း ညီငယ္ေလးကို အဲလစ္အေနနဲ႕ ေက်ာင္းမွာေခၚထားရၿပီး ထိန္းေက်ာင္းရပါေတာ့တယ္။

အစပိုင္းမွာသူတုိ႕ႏွစ္ဦးဟာ မိခင္ျဖစ္သူနဲ႕ေနထုိင္ခဲ့ရေပမယ့္ သူမဟာ ေငြရွာဖုိ႕အတြက္ မနီလာၿမိဳ႕ကို အိမ္အကူလုပ္ဖုိ႕ ထြက္သြားခဲ့ၿပီးသူတုိ႕ႏွစ္ဦးကို ပေထြးနဲ႕အတူ ထားရစ္ခဲ့ပါတယ္။

ပေထြးျဖစ္သူက သူတုိ႕ကုိ ရုိက္ႏွက္ႏွိပ္စက္မ်ိဳးေတြရွိခဲ့ၿပီးသူတုိ႕ႏွစ္ေယာက္ ထပ္ၿပီး စြန္႕ပစ္ခဲ့ပါတယ္။

ဒီ၁၁ ႏွစ္အရြယ္ေကာင္ေလး အဲလစ္စ္အတြက္ ကံေကာင္းတာတစ္ခုကေတာ့ေက်ာင္းအုပ္ဆရာမႀကီး ကသူ႕ညီေလးကို သူ႕(မ)ရဲ႕ရံုးခန္းမွာ ခဏတာအျဖစ္ ၾကည့္ရႈေစာင့္ေရွာက္ေပးပါတယ္။

အဲ့ဒီအတြက္ေၾကာင့္ အဲလစ္စ္အေနနဲ႕ သူတုိ႕ႏွစ္ဦး အ၀တ္အစားေတြကုိ ေလွ်ာ္ဖြတ္ႏုိင္ၿပီး ေက်ာင္းကန္တင္းမွာ ၀င္ေရာက္ကူညီႏုိင္ပါတယ္။

သူ႕ညီေလးကို ဘယ္သြားသြားေခၚသြားေလ့ရွိၿပီး အရမ္းကိုၾကင္ၾကင္နာနာရွိပါတယ္။အစ္ကိုႀကီးတစ္ေယာက္ပီသတယ္လုိ႕ေျပာလုိ႕ရမွာပါ။

ဒီေကာင္ေလးကေတာ့ သူ႕ရဲ႕အေမျပန္လာဖုိ႕ ဆုေတာင္းေနၿပီး ခက္ခဲတဲ့ သူ႕ဘ၀ကို ၿငီးတြားမေနပဲ အံ့ခဲရင္းႀကိဳးစားရွင္သန္ေနတာပါ…။သူရဲ႕ ဆႏၵေလးျပည္႕ပါေစေလး ဆုေတာင္းေပးရံုမွတစ္ပါး…

(ေလးစားစြာျဖင့္ ခရက္ဒစ္)

==============

Unicode Version

(၁၁) နှစ်ကလေးအများစုမှာတော့ အပူပင်မရှိ ကျောင်းတက်နိုင် ၊ သူငယ်ချင်းတွေပျော်ပျော်ရွှင်ရွှင်

ဆော့ကစားနိုင်ကြပါတယ်။ ဒီကလေးလေးကတော့ သူရဲ့ မသန်စွမ်းဖြစ်နေတဲ့ ၄ နှစ်သားအရွယ်ညီငယ်လေးကို ချီပိုးရင်း ကျောင်းတက်နေရတာပါ။

သူ့သူငယ်ချင်းတွေ ဆော့ကစားနေတာကိုငေးမောကြည့်နေယုံကလွဲပြီး သူ့မသန်စွမ်းညီငယ်လေးကို ဂရုတစိုက် ပြုစုနေရလို့ ကိုယ်တိုင်ဝင်ရောက်မကစားနိုင်ရှာပါဘူး။

၁၁ နှစ်အရွယ်ကောင်လေးအမည်ကတော့ အဲလစ်ပီရဲတာ အမည်ရပြီး သူ့ညီလေး အေဂျေကတော့စကားမပြောနိုင်၊ လမ်းမလျှောက်နိုင်တဲ့ မသန်စွမ်းသူတစ်ယောက်ပါ…။

ဒီသနားစရာ ကလေးနှစ်ယောက်ကငယ်ရွယ်စဉ်ကတည်းက တာဝန်ယူတာဝန်ခံမှုမရှိတဲ့ မိဘနှစ်ပါးရဲ့စွန့်ပစ်တာကိုခံခဲ့ရပါတယ်။

ဒါကြောင့်ဂရုစိုက်ပြုစုမယ့်သူမရှိတဲ့ မသန်စွမ်း ညီငယ်လေးကို အဲလစ်အနေနဲ့ ကျောင်းမှာခေါ်ထားရပြီး ထိန်းကျောင်းရပါတော့တယ်။

အစပိုင်းမှာသူတို့နှစ်ဦးဟာ မိခင်ဖြစ်သူနဲ့နေထိုင်ခဲ့ရပေမယ့် သူမဟာ ငွေရှာဖို့အတွက် မနီလာမြို့ကို အိမ်အကူလုပ်ဖို့ထွက်သွားခဲ့ပြီးသူတို့နှစ်ဦးကို ပထွေးနဲ့အတူ ထားရစ်ခဲ့ပါတယ်။

ပထွေးဖြစ်သူက သူတို့ကို ရိုက်နှက်နှိပ်စက်မျိုးတွေရှိခဲ့ပြီးသူတို့နှစ်ယောက် ထပ်ပြီး စွန့်ပစ်ခဲ့ပါတယ်။

ဒီ ၁၁ နှစ်အရွယ်ကောင်လေး အဲလစ်စ်အတွက် ကံကောင်းတာတစ်ခုကတော့ကျောင်းအုပ်ဆရာမကြီး ကသူ့ညီလေးကို သူ့(မ)ရဲ့ရုံးခန်းမှာ ခဏတာအဖြစ် ကြည့်ရှုစောင့်ရှောက်ပေးပါတယ်

အဲ့ဒီအတွက်ကြောင့် အဲလစ်စ်အနေနဲ့ သူတို့နှစ်ဦး အဝတ်အစားတွေကို လျှော်ဖွတ်နိုင်ပြီး ကျောင်းကန်တင်းမှာ ဝင်ရောက်ကူညီနိုင်ပါတယ်။

သူ့ညီလေးကို ဘယ်သွားသွားခေါ်သွားလေ့ရှိပြီး အရမ်းကိုကြင်ကြင်နာနာရှိပါတယ်။အစ်ကိုကြီးတစ်ယောက်ပီသတယ်လို့ပြောလို့ရမှာပါ။

ဒီကောင်လေးကတော့ သူ့ရဲ့အမေပြန်လာဖို့ ဆုတောင်းနေပြီး ခက်ခဲတဲ့ သူ့ဘဝကို ငြီးတွားမနေပဲအံ့ခဲရင်းကြိုးစားရှင်သန်နေတာပါ…။သူရဲ့ ဆန္ဒလေးပြည့်ပါစေလေး ဆုတောင်းပေးရုံမှတစ်ပါး…

(လေးစားစွာဖြင့် ခရက်ဒစ်)