ဗုဒ္ဓဘာသာနဲ့ ဘာသာဝင်အားလုံးကို ပက်ပက်စက်စက် စော်ကားပြောဆိုလိုက်တဲ့ လူတစ်ဦး

ဗုဒ္ဓဘာသာနဲ့ ဘာသာဝင်အားလုံးကို ပက်ပက်စက်စက် စော်ကားပြောဆိုလိုက်တဲ့ လူတစ်ဦး

ဒီလူကတော့ နိုင်ငံရေးသမားအဆိုမြင်ဝါဒီတစ်ယောက်လို့ ပြောမယ်ဆိုလွန်မယ်မထင်ပါ။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကိုလည်း ပြောတာပဲ။ သူဟာသူ သူ့ခံယူချက်နဲ့ နိုင်ငံရေးကြိုက်သလို လုပ်ပါ မပြောလိုပါဘူး။

သူများတွေ ယုံကြည်ရာ ကိုးကွယ်ရာကို ကိုယ်လည်း ဂဃနဏမသိဘဲ ၀င်ပီးဖင်မယားသင့်ပါဘူး။ ဗုဒ္ဓဘာသာနဲ့ ပေးကမ်းလှူဒါန်းခြင်းဆိုတာ ခွဲခြားလို့ လုံးဝမရပါဘူး။ မြတ်စွာဘုရားကိုယ်တော်တိုင်ကလည်း ပေးကမ်းလှူဒါန်းကြဖို့ ကြိမ်ဖန်များစွာ ဟောကြားတော်မူခဲ့ပါတယ်။

အခုဟာ မိုက်နဲ့ဟစ်အလှူခံလို့၊ လမ်းဘေးမှာ ငွေဖလားနဲ့အလှူခံလို့၊ လှူလိုက်တဲ့ငွေ တစ်ပဲခြောက်ပြားကြောင့် နတ်ပြည်ရောက်မယ်လို့ နိဗ္ဗာန်ဆော်ကပြောတာတို့ စသဖြင့် ဘာသာဝင်တွေရဲ့ စေတနာ သဒ္ဒါတရားကို မြောင်းထဲရောက်အောင် လုပ်နေတာတော်တော်အောက်တန်းကျပါတယ်။

ခင်များမလှူချင် မလှူနဲ့လေဗျာ။ ဘယ်သူတွေကများ ခင်များကို အတင်းအကျပ်လှူခိုင်းနေပါသလဲ။ သူတို့လည်း လှူချင်လှူမယ်လေဗျာ ခင်များက ဘာအကြောင်းနဲ့များ ပုတ်ခတ်နေရသလဲ။ ဘာအကြောင်းနဲ့များ ခရစ်ယာန်တွေ မူစလင်တွေနဲ့ ဗုဒ္ဓဘာသာကိုလာနှိုင်းယှဉ်နေပါသလဲ။

ခင်များစိတ်ထဲမှာ ခရစ်ယာန်ဘာသာ မူစလင်ဘာသာက ကောင်းတယ်ထင်ရင် အဲဒီဘာသာဝင်ခံယူလိုက်လေဗျာ။ ဗုဒ္ဓဘာသာက မကောင်းဘူးထင်ရင် ဗုဒ္ဓဘာသာကို မကိုးကွယ်နဲ့ မလှူနဲ့လေဗျာ ဟုတ်တယ်မို့လား။

အခုဟာ ခင်များကလွဲရင် ကမ္ဘာမှာလူကောင်းမရှိသလောက် အာပေါင်အာရင်းသန်သန်နဲ့ပြောနေလိုက်တာဗျာ။ မရှက်ဘူးလား။ နိုင်ငံခြားမှာနေတယ်ဆိုပီးများ လေမြောက်နေသလားမသိ။ ကဲ ပရိတ်သတ်ကြီးရေ ဒီလူဘယ်လောက်အောက်တန်းကျပီး အခြေအမြစ်မရှိ ပညာမဲ့စွာပြောဆိုနေသလဲဆိုတာ သူ့ရဲ့ ဗွီယိုဖိုင်ကိုသာကြည့်လိုက်ပါဗျာ။ #ဖေဖေကြီး