အသည်းကွဲနေတဲ့ခံစားချက်ကြီးကို လုံးဝမေ့ပျောက်သွားစေမယ့်နည်းလမ်း(၅)မျိုး

အသည်းကွဲနေတဲ့ခံစားချက်ကြီးကို လုံးဝမေ့ပျောက်သွားစေမယ့်နည်းလမ်း(၅)မျိုး

လောကမှာ အချစ်ရေးနဲ့ပတ်သက်ရင် ကိုယ်ပေးတဲ့အတိုင်း ပြန်ရတယ်ဆိုတာ ခပ်ရှားရှားရယ်ပါ။

အချစ်ရေးတစ်ခု အဆုံးသတ်သွားတဲ့အခါမှာ ပိုချစ်တဲ့သူက ပိုနာကျင်ရစမြဲပါပဲ။

ကိုယ့်ဖက်က ဘယ်လောက်ပဲချစ်ခဲ့၊ ပေးဆပ်ခဲ့ပါစေ ကိုယ်အသည်းကိုခွဲပြီး၊ ကိုယ့်အပေါ်ကို ရက်စက်တတ်တဲ့သူတွေနဲ့လည်း ကြုံရမှာပါ။

ဒီလိုကြုံလာရတဲ့အခါ ကိုယ့်ကိုယ်ကိုနာကျင်အောင်လုပ်ဖို့၊ ကိုယ့်ဘဝကိုအနစ်မွန်းခံဖို့ထက်စာရင် သူ့ကိုဘဝထဲကထုတ်လိုက်တာ ပိုပြီးမှန်ကန်ပါတယ်။

ဒါကြောင့် ရက်စက်သွားတဲ့သူကို အပြီးအပိုင်မေ့ဖျောက်နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) သူ့အကြောင်းမတွေးပါနဲ့တော့

မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့်လိုက်တာနဲ့ သင့်ဘယ်ဘယ်ရင်အုံကို စူးခနဲဖြစ်စေတဲ့ သူနဲ့ပတ်သက်တဲ့ခံစားချက်တွေ၊ သူ့အကြောင်းတွေကို အခုကစပြီး မတွေးပါနဲ့တော့။

သူ့အကြောင်းကိုတွေးနေမယ့်အစား တစ်ခုခုမှာ အာရုံကိုလွှဲထားလိုက်ပါ။

သူ့အကြောင်းဝင်လာတော့မယ် ဆိုတာနဲ့ တခြားအကြောင်းနဲ့အာရုံလွှဲတဲ့အလေ့အကျင့်ကို လုပ်ပါ။

ကြာလာတဲ့အခါ သူ့အကြောင်းတွေးဖို့တောင် သင်သတိရတော့မှာမဟုတ်ပါဘူး။

(၂) သူ့အကြောင်းမသိချင်ပါနဲ့

သူငါ့ကို လွမ်းနေမလား၊ သူခံစားနေရမလား၊ သူလည်းငါ့ကိုလွမ်းရဲ့လား၊ အချစ်သစ်များရနေပြီလား အဲလိုမျိုး မေးခွန်းတွေကို ရပ်လိုက်ပါ။

သူ့ဖက်က ကိစ္စတွေဟာ သူ့ကိစ္စပါ၊ သင်နဲ့မဆိုင်တော့ပါဘူး။ သူ့ဖက်က လွမ်းသည်ဖြစ်စေ၊ မလွမ်းသည်ဖြစ်စေ သင့်ဖက်က မေ့ပစ်ဖို့ကိုသာ အာရုံစိုက်ပါ။

သူ့နဲ့ပတ်သက်တဲ့သတင်းတွေ၊ သူနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို သိချင်နေတာ၊ နားစွင့်နေတာတွေကို မလုပ်ပါနဲ့တော့။

(၃) လက်ရှိကိုအာရုံစိုက်ပါ

လက်ရှိသင့်ရဲ့အခြေအနေကို အာရုံစိုက်ပါ။ သင်ဘာလုပ်နေလဲ၊ ဘယ်အနေအထားကိုရောက်နေတာလဲ၊ ဘာတွေလုပ်ဖို့လိုအပ်လဲဆိုတာ ပြန်သုံးသပ်ပါ။

သင့်ရဲ့ဘဝရှေ့ရေးနဲ့သင့်အနားမှာ အမြဲတမ်းရှိနေပေးတဲ့ သူငယ်ချင်းတွေ၊ မိသားစုတွေကို ချစ်ဖို့၊ ဂရိုစိုက်ဖို့ကိုပဲ အာရုံစိုက်ပါ။

အရင်က အချစ်ကြောင့်နဲ့ လစ်ဟင်းသွားတဲ့သင့်ရဲ့ တာဝန်တွေ၊ ဝတ္တရားတွေကို ဒီအချိန်မှာ ကျေပွန်အောင်ပြန်ကြိုးစားပါ။

(၄) သင့်သိက္ခာကိုရှေ့တန်းတင်ပါ

သင်ဟာ သင့်ကိုမချစ်လို့ပစ်သွားတဲ့ ယောက်ျားတစ်ယောက်အတွက်နဲ့ အလဲလဲအကွဲကွဲဖြစ်စရာမလိုပါဘူး။

အဲဒါဟာကိုယ့်ကိုယ်ကို တန်ဖိုးမထားရာလည်းရောက်သလို၊ တစ်ချိန်ချိန်မှာ နောင်တရစရာတွေဖြစ်လာမှာပါ။

ဒါကြောင့်မို့လို့ ခုချိန်မှာ သင့်ရဲ့ဂုဏ်သိက္ခာကိုရှေ့တန်းတင်ပါ။

သူနဲ့ပတ်သက်လို့ ဒေါသထွက် စရာပဲဖြစ်ဖြစ်၊ နောင်တရစရာပဲဖြစ်ဖြစ်၊ ဘယ်လိုခံစားချက်မျိုးကိုမဆို ပြည်ဖုံးကားချလိုက်ပြီး နံပတ် (၂) ကအတိုင်း လိုက်နာဆောင်ရွက်ပါ။

(၅) အသစ်အဆန်းတွေကိုသင်ယူပါ

သင့်ရဲ့အရင်က နေ့စဉ်လှုပ်ရှားမှုတိုင်းမှာ သူပါခဲ့လို့ သူမပါရင်မနေတတ်တော့တာ၊ မပျော်တော့တာတွေ ဖြစ်လာတတ်ပါတယ်။

ဒါဆိုရင် သူမပါတဲ့ ဘဝသစ်တစ်ခုကို တည်ဆောက်လိုက်ပေါ့။

သင်တန်းအသစ်တွေတက်တာ၊ အကလိုမျိုးအားကစားသင်တန်းတွေ၊ ပန်းချီ၊ မုန့်လုပ်၊ လက်မှုပညာစတဲ့ ကိုယ့်အတွက်အကျိုးရှိတဲ့ အရာတစ်ခုခုကို သင်ယူခြင်းဖြင့်လည်း သူ့ကိုမေ့ဖျောက်နိုင်ပါတယ်။

Em Em