ကိုယ့်ရဲ့ အချစ်စစ်နဲ့ ဖူးစာဖက်အမှန်ကို ဆုံတွေတဲ့အခါ ဒီလိုအရာတွေ ခံစားမိနေမှာပါ …

ကိုယ့်ရဲ့ အချစ်စစ်နဲ့ ဖူးစာဖက်အမှန်ကို ဆုံတွေတဲ့အခါ ဒီလိုအရာတွေ ခံစားမိနေမှာပါ …

ကမ္ဘာပေါ်မှာ ရှိတဲ့သူတော်တော်များများကတော့ ချစ်မိတယ်ဆိုရင်တောင်မှ

ကိုယ့်ရဲ့ ဖူးစာဖက်နဲ့ တွေ့မှသာ ချောမွေ့တဲ့ အချစ်ရေးကို ပိုင်ဆိုင်ပြီး ထာဝရ ချစ်သွားရမှာလို့ ယုံထားကြပါတယ်။

တစ်ခါတစ်လေမှာ ကိုယ့်က ချစ်ရတဲ့သူနဲ့ ကိုယ့်ကို ချစ်ရတဲ့သူကို တွေ့တိုင်းလည်း ဖူးစာဖက် မဟုတ်သေးပါဘူး။

ကိုယ့်ရဲ့ ဖူးစာဖက် အစစ်အမှန် အချစ်စစ်နဲ့ တွေ့ဆုံခဲ့ရင်တော့ ဒီလို အချက်လေးတွေကို ခံစားမိနေမှာ ဖြစ်ပါတယ်။

တစ်ဦးရဲ့အားနည်းချက်လေးတွေကို တစ်ဦးက အသိအမှတ်ပြုနားလည်ပေးတယ်

ပြည့်စုံတဲ့လူဆိုတာ ကမ္ဘာပေါ်မှာ မရှိပါဘူး။ လူတိုင်းမှာ ဖုံးကွယ်ဖို့ခက်တဲ့ အားနည်းချက်လေးတွေ ရှိနေတတ်ပါတယ်။

တခြားသူတွေအတွက်တော့ သင့်ရဲ့အားနည်းချက်တွေ လှောင်ပြောင်ရယ်မောစရာ၊ အပြစ်ပြောစရာ ဖြစ်ကောင်းဖြစ်နေနိုင်ပေမယ့်

သင့်ကို တကယ်ချစ်တဲ့သူ အဖို့တော့ ဒါတွေက စကားထဲ ထည့်ပြောဖို့တောင် မလိုတဲ့အရာတွေဖြစ်သွားမှာပါ။

အားနည်းချက်လေးတွေကြောင့် သင့်ကို မလုံခြုံစိတ် ဘယ်တော့မှ ခံစားရစေမှာ မဟုတ်တဲ့အပြင် သင့်မှာ ရှိနေတဲ့

အားနည်းချက်တွေတောင် မေ့သွားစေမယ့်သူက သင့်ရဲ့ ဖူးစာဖက်ပဲ ဖြစ်ပါတယ်။

နှစ်ဦးကြားက တိတ်ဆိတ်မှုက သင့်ကို စိတ်မသက်မသာ မဖြစ်စေဘူး

တစ်ယောက်နဲ့ တစ်ယောက် ဘာမှ စကားသိပ်မပြောဖြစ်ကြဘဲ တိတ်ဆိတ်နေတာက တခြားသူတွေနဲ့ဆို စိတ်မသက်မသာ ဖြစ်စရာပါ။

စကားပဲ ဆက်ပြောရမလို၊ နားပဲထောင်ရမလို၊ ထပဲပြန်ရမလို စိတ်ခံစားချက်ပေါင်းများစွာနဲ့ စိတ်မသက်မသာဖြစ်စရာပါပဲ။

ဒါပေမယ့် ဖူးစာဖက်နဲ့ ဆုံပြီဖြစ်တဲ့ ချစ်သူတွေကြားမှာတော့ ဒီလိုတိတ်ဆိတ်မှုက နည်းနည်းလေးမှ စိတ်အနှောက်အယှက် ဖြစ်စေမှာမဟုတ်ပါဘူး။

စိတ်ကူးနဲ့ ကိုယ်စီ အတွေးပွားနေရတာက တခါတလေ ကြည်နူးစရာတောင် ကောင်းပါသေးတယ်။

မနာလိုစိတ်မရှိကြဘူး

ချစ်ကြလို့ တွဲကြတဲ့ ရည်းစားတွေ၊ လင်မယားတွေကြားထဲမှာတောင် မနာလိုစိတ်ဆိုတာ ရှိတတ်ပါတယ်။

တစ်ဦးက အခြားတစ်ဦးထက် သာနေတဲ့အခါ မနာလိုစိတ်ဖြစ်တာ၊ အနေရခက်တာ၊ သိမ်ငယ်တာ စတဲ့ စိတ်ခံစားချက်တွေက

တကယ်တော့ သမီးရည်းစားတွေကြားထဲမှာ မရှိသင့်တဲ့ စိတ်ထားတွေဖြစ်ပါတယ်။

ဒီလိုစိတ်ထားတွေကြောင့် အတွဲတွေ မမြဲကြရတာ၊ လင်မယာတွေ ကွဲကြရတာပဲဖြစ်ပါတယ်။

ဖူးစာဖက်ကို ဆုံတဲ့အခါမှာတော့ မနာလိုစိတ် မရှိဘဲ တစ်ယောက်ရဲ့ အောင်မြင်မှုကို တစ်ယောက်က ပီတီဖြစ်ပြီး ဝမ်းသာပေးတာ၊ ပျော်ပေးတာတွေပဲ ရှိနေတာပဲဖြစ်ပါတယ်။

တစ်ကိုယ်ကောင်းမဆန်ဘူး

တကယ်တော့ တစ်ဦးနဲ့ တစ်ဦး တွဲတာမှာ အပြန်အလှန် လေးစားမှုဆိုတာ လိုအပ်ပါတယ်။

ကိုယ့်စိတ်အတိုင်းပဲ အရာရာ ဖြစ်ချင်တာမျိုး၊ အတ္တတွေ များလာတာမျိုးတွေ ချစ်သူတွေကြားမှာ ရှိနေရင် ဒီအချစ်ရေးမှာ ကြာရှည်မှာ မဟုတ်ပါဘူး။

ဖူးစာဖက် ဖြစ်တဲ့သူတွေကတော့ အပြန်အလှန် နားလည်မှု၊ ကိုယ်ချင်းစာမှု၊ လေးစားမှုတွေ ရှိနေပြီး အချစ်တွေသာ ပိုတိုးလာတတ်ပါတယ်။

ဆွေးနွေးဖို့အတွက် ကြောက်နေရတယ်ဆိုတဲ့စိတ်မရှိဘူး

ငါ ဒါပြောလိုက်ရင် စိတ်ဆိုးသွားမှာလား၊ ဆွေးနွေးလို့ရပါ့မလား စိုးရိမ်စိတ်ရှိနေရင် ကောင်းတဲ့လက္ခဏာ မဟုတ်တော့ပါဘူး။

စိုးရိမ်တာမျိုး ရှိနေရင် ကိုယ် ဘာတွေ ဖြစ်နေလဲဆိုတာကို ပြောဖြစ်မှာ မဟုတ်ပါဘူး။

မြိုသိပ်တာတွေ များလာပြီး ပေါက်ကွဲချိန်မှာ လမ်းခွဲဖြစ်တာမျိုး ဖြစ်သွားတတ်ပါတယ်။

ဖူးစာဖက်နဲ့ ဆုံတဲ့သူတွေကတော့ တစ်ယောက်ကို တစ်ယောက်အကြောင်း ပြောပြရတာ စိတ်သက်တောင့်သက်သာ အနေအထားမှာ ရှိနေတတ်ပါတယ်။

မြဲဖို့ဆိုတာ မသေချာတော့ပါဘူး။ တကယ်ချစ်ကြတဲ့သူတွေမှာတော့ မပြောရဲတဲ့ကိစ္စ၊ မဆွေးနွေးရဲတဲ့ကိစ္စဆိုတာ မရှိကြပါဘူး။

ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး အဖြေရှာကြတာဖြစ်တဲ့အတွက် ရေရှည်မှာ လက်တွဲမြဲနေတာပဲဖြစ်ပါတယ်။

Kham