ချစ်သူကိုတကယ်ချစ်တဲ့အကြောင်း သက်သေပြဖို့အတွက်အကောင်းဆုံးနည်းလမ်း(၄)ခု

ချစ်သူကိုတကယ်ချစ်တဲ့အကြောင်း သက်သေပြဖို့အတွက်အကောင်းဆုံးနည်းလမ်း(၄)ခု

ကိုယ်ကတကယ်ချစ်ပေမယ့် ကိုယ့်ချစ်သူက ကိုယ့်အပေါ်အပြည့်အဝမယုံတဲ့အခါ၊ လူတွေအားကျလောက်အောင် ချစ်ပြတာမျိုး၊

အသေးစိတ်ဂရုစိုက်တာမျိုးတွေမလုပ်တတ်လို့ သူ့ကိုတကယ်မချစ်ဘူးလို့သံသယဝင်နေတဲ့အခါ သူ့ကိုတကယ်ချစ်တဲ့အကြောင်း ဒီနည်းလေးတွေနဲ့ သက်သေပြလိုက်ပါ။

(၁) သူ့အကြောင်းတွေဦးစားပေးမေးမြန်းပါ

နှစ်ယောက်ဆုံတဲ့အချိန်မှာ ကိုယ့်အကြောင်းတွေချည်းပဲပြောမနေဘဲ သူ့အကြောင်းလေးတွေဦးစားပေးမေးမြန်းပေးပါ။

သူ့ရဲ့တစ်နေ့တာအကြောင်းအရာတွေ၊အလုပ် ဒါမှမဟုတ် ကျောင်းမှာကြုံလာရတဲ့အဖြစ်အပျက်တွေ၊ သူငယ်ချင်းတွေနဲ့ဆက်ဆံရေး၊သူ့မိသားစုနဲ့ပတ်သက်တာလေးတွေ စသဖြင့် သူ့အကြောင်းလေးတွေ မေးမြန်းပြောဆိုပါ။

ဒီလိုဆို သူ့ကိုဦးစားပေးတယ်၊အလေးထားတယ်လို့ ခံစားရပါလိမ့်မယ်။

(၂) သူမကြိုက်တဲ့ အဝတ်အစားတွေ မဝတ်ပါနဲ့

ချစ်သူတွေက တစ်ယောက်နဲ့တစ်ယောက်ချုပ်ကိုင်ချင်ကြတာ၊ ဝင်စွက်ဖက်ချင်ကြတာမျိုးလည်း အနည်းနဲ့အများရှိတတ်ကြပါတယ်။

အဖြစ်များတဲ့ ပြဿနာကတော့ ဟိုဟာမဝတ်နဲ့၊ ဒီဟာမဝတ်နဲ့၊ ဒီလူတွေနဲ့မပေါင်းနဲ့၊ ဟိုမသွားနဲ့၊ဒီမသွားနဲ့ ဆိုတာမျိုးတွေပါ။

ကိုယ်သူ့ကိုချစ်တယ်ဆိုတာကို သက်သေပြဖို့ သူပြောသမျှအကုန်လိုက်လုပ်ဖို့မလိုပါဘူး။

ဒါတွေအားလုံးထဲကမှ သူမဝတ်စေချင်တဲ့အဝတ်အစားတချို့ကို မဝတ်ဘဲနေပေးလိုက်ရင် သူ့ဘက်ကတော်တော်လေးစိတ်ချမ်းသာသွားပါလိမ့်မယ်။

(၃) မိသားစုနဲ့မိတ်ဆက်ပေးပါ

မိသားစုနဲ့မိတ်ဆက်ပေးတယ်ဆိုတာ သူ့ကိုအလေးအနက်ထားတယ်၊ တကယ်ချစ်တယ်ဆိုတဲ့အဓိပ္ပါယ်ပါပဲ။

ဒီတော့ သင့်အပေါ်သံသယဝင်နေတဲ့ချစ်သူကို သင့်မိသားစု၊ သူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးထားလိုက်ရင် သူ့စိတ်ထဲ နည်းနည်းတော့ ဘဝင်ကျသွားပါလိမ့်မယ်။

(၄) အခက်အခဲကြုံတဲ့အချိန် အသင့်ရှိနေပေးပါ

ချစ်သူတွေဆိုတာ တခြားသူတွေထက်ပိုရင်းနှီးပြီး တစ်ယောက်နဲ့တစ်ယောက်ပိုပြီးဖေးမရမှာပါ။

သူ့ကိုတကယ်ချစ်ရဲ့လားလို့ သံသယဝင်နေတဲ့ချစ်သူအတွက် အခက်အခဲရှိနေချိန်မှာ ကူညီဖေးမဖို့ အသင့်ရှိနေပေးမယ်ဆိုရင် သူ့ရဲ့သံသယတွေလည်း လျော့နည်းသွားပါလိမ့်မယ်။

RAY