အသက် ၂၀ အရွယ်မှာ အချစ်ရေးနဲ့ပတ်သတ်ပြီး ရှောင်ကြဉ်သင့်တဲ့အရာများ..

အသက် ၂၀ အရွယ်မှာ အချစ်ရေးနဲ့ပတ်သတ်ပြီး ရှောင်ကြဉ်သင့်တဲ့အရာများ..

အသက် ၂၀ အရွယ်ဆိုတာ မတည်ငြိမ်သေးတဲ့အရွယ်ပါပဲ။

ဒီလိုအချိန်မှာ အချစ်ရေးနဲ့ပတ်သတ်ပြီး အမှားအယွင်းမဖြစ်အောင် သတိထားဖို့လိုပါတယ်

ဒါကြောင့် ပျိုမေတို့အတွက် အသက် ၂၀ အရွယ်မှာ အချစ်ရေးနဲ့ပတ်သတ်ပြီး ရှောင်ကြဉ်သင့်တဲ့အရာတချို့ကို ပြောပြပေးလိုက်ပါတယ်။

( ၁ ) လက်မထပ်ပါနဲ့

အသက် ၂၀ အရွယ်က အရမ်းငယ်လွန်းပါတယ်။ ဘဝတက်လမ်းအတွက်လည်း ကြိုးစားလို့ကောင်းတဲ့အချိန်ပါ။

ဒီလိုအချိန်မှာ ရူးမိုက်ပြီးလက်ထပ်တာမျိုး မလုပ်ပါနဲ့။ ဒီအရွယ်က မတည်ငြိမ်သေးတဲ့အရွယ်မို့ လက်မထပ်သင့်ပါဘူး။

( ၂ )ပုံအောပြီးမချစ်ပါနဲ့

တစ်စုံတစ်ယောက်ကို ပုံအောချစ်ထားပြီးမှ ကွဲသွားခဲ့ရင် ကိုယ်ပဲအလူးအလဲခံစားရမှာပါ။

ဒီအရွယ်မှာ မတည်မြဲနိုင်သေးတဲ့အတွက် တစ်ခုခုဆို အရမ်း Serious မဖြစ်ပါနဲ့။

ကိုယ့်အတွက် ရှေ့ဆက်ရမယ့်အချိန်တွေ၊ တွေ့ရမယ့်လူတွေက အများကြီးရှိပါသေးတယ်။ ဘယ်သူ့ကိုမှလည်း အယုံမလွယ်ပါနဲ့

( ၃ )အတတ်ပညာကိုဦးစားပေးပါ

ရည်းစားထားပြီး အချစ်ရေးအတွက် ခံစားနေမယ့်အစား အတတ်ပညာကို များများတက်ပါ။ တစ်ခုပြီးတစ်ခုတက်ပါ။

ဒီလို အရွယ်မှာတက်ထားမှ ကိုယ့်အတွက် တက်လမ်းရှိမှာပါ။

အသက် ၂၀ အရွယ်မှာ ပညာရေးကိုသေချာတစိုက်မတ်မတ်မလုပ်ပဲ အချစ်ရေးအတွက် ပူဆွေးနေရင် အသက်ကြီးလာတဲ့အခါ ရင့်ကျက်လာတဲ့အခါမှာ နောင်တရပါလိမ့်မယ်။

( ၅ )အလုပ်ကိုဦးစားပေးပါ

ဘာကြောင့်အလုပ်ကိုဦးစားပေးခိုင်းလဲဆိုရင်တော့ အသက် ၂၀ အရွယ်က တော်တော်များများ အလုပ်ရှာကြတဲ့အချိန်၊ အလုပ်ဝင်ကြတဲ့အချိန်ပါ။

ဒီလိုအချိန်မှာ အလုပ်ကို ဦးစားပေးပြီး ကိုယ့်အတွက်တိုးတက်အောင် လုပ်သင့်ပါတယ်။

ငယ်ရွယ်တုန်းမှာ ကြိုးစားထားမှ ကိုယ့်ဘဝအတွက် အာမခံချက်တစ်ခု ကောင်းကောင်းရမှာပါ။

( ၆ )ကတိမပေးပါနဲ့

အသက် ၂၀ အရွယ်မှာ စိတ်ကစားတာမျိုးဖြစ်လေ့ရှိပါတယ်။ စိတ်မတည်မြဲနိုင်သေးပါဘူး။

ဒါကြောင့် တစ်ခုခုဆို ကြိုကတိမပေးပါနဲ့။ စိတ်အလိုမလိုက်ပါနဲ့။

Credit : mystylemyanmar