အချစ်ရေးမှာ ကြားလူတွေသွေးခွဲလို့ မဝေးရစေဖို့ လိုက်နာသင့်တဲ့ အချက်လေးတွေ

အချစ်ရေးမှာ ကြားလူတွေသွေးခွဲလို့ မဝေးရစေဖို့ လိုက်နာသင့်တဲ့ အချက်လေးတွေ

Relationship တစ်ခုမှာ အဓိကက ကာယကံရှင်နှစ်ဦးဆိုပေမယ့် ကြားလူစကားတွေကြောင့် ပြတ်တောက်သွားရတဲ့ ဆက်ဆံရေးတွေလည်း အများကြီးရှိကြပါတယ်။

ဒီတော့ ကိုယ့်ရဲ့အချစ်ရေးကို တည်မြဲစေဖို့ ကြားလူတွေသွေးခွဲရင်တောင် မပြတ်တောက်သွားစေဖို့ ဒီအချက်လေးတွေကို လိုက်နာဖို့လိုအပ်ပါတယ်။

စိတ်လိုက်မာန်ပါ မဆုံးဖြတ်ပါနဲ့

ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ်၊ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် စိတ်လိုက်မာန်ပါမဆုံးဖြတ်ဖို့ အရေးကြီးပါတယ်။

သွေးဆူနေတဲ့အချိန်မှာ သေချာမစဉ်းစားပဲ ဆုံးဖြတ်လိုက်တာတွေက အမှားတွေပိုများတတ်ပါတယ်နော်။

ဒီတော့ ဒီဆက်ဆံရေးကို တန်ဖိုးထားတယ်၊ ကိုယ့်အချစ်ရေးကို လွယ်လွယ်မပြိုကွဲစေချင်ဘူးဆိုရင် စိတ်လိုက်မာန်ပါ မဆုံးဖြတ်ပဲ သေချာစဉ်းစားဖို့ အချိန်ပေးပါ။

ရှင်းပြချက်တွေကို နားထောင်ပေးပါ

လူတော်တော်များများက ရှင်းပြတယ်ဆိုတာ အကြောင်းပြချက်ပေးတယ်လို့ သတ်မှတ်တတ်ကြပါတယ်နော်။

ဒါပေမယ့် တစ်ချို့သော ရှင်းပြချက်တွေက ကိုယ့်ရဲ့ဘဝတစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်လို့ မဖြစ်သင့်တာတွေ မဖြစ်ရလေအောင် ရှင်းပြချက်တွေကို နားထောင်ကြည့်ပါ။

အဲဒီ့ရှင်းပြချက်တွေကို နားထောင်ပြီးမှ ဒါကိုယုံသင့်၊ မယုံသင့် ကိုယ်ဦးနှောက်နဲ့ စဉ်းစားဆုံးဖြတ်ဖို့ပဲ လိုတာဖြစ်ပါတယ်။

သူများပြောတိုင်း မယုံပါနဲ့

ကိုယ့်ရဲ့ချစ်သူအကြောင်းကို ကိုယ်ကလွဲပြီး ကျန်တဲ့သူတွေက ကိုယ့်လောက်မသိနိုင်ပါဘူး။

ဒီတော့ သူများတွေ ဘာတွေပဲ ပြောနေကြပါစေ၊ ဘယ်လိုတွေပဲ ပြောဆိုနေကြပါစေ အားလုံးကို မျက်စိစုံမှိတ်ပြီး မယုံလိုက်ပါနဲ့။

နောက်ပြီး အယုံလွယ်တတ်တဲ့ စိတ်ကိုပြင်ပါ ဒါက သင့်ကိုအတော်လေး ထိခိုက်စရာတွေ များတတ်လို့ပါ။

အကြောင်းအရာတစ်ခုခုကို ကြားမိတိုင်း ဒါဟာ မှန်လား၊ မှားလား၊

တကယ်ဖြစ်နိုင်ရဲ့လားဆိုတာကို သေချာစဉ်းစားတွေးခေါ်ပါ ဒီထက်ပိုမရှင်းရင် သူ့ကို ကိုယ်တိုင်မေးကြည့်ပြီး သူ့ဆီက အဖြေကိုနားမထောင်ပါ။

ကိုယ့်ရဲ့အချစ်ရေးကိစ္စတိုင်းကို သူများဆီ မပြောပါနဲ့

ကိုယ့်ရဲ့အချစ်ရေးကို သူများဆီသွားပြောပြတာ၊ ရင်ဖွင့်ပြတတတ်တဲ့ အကျင့်ကို ပြင်သင့်ပါတယ်။

ကိုယ်ယုံကြည်ရတဲ့သူမဟုတ်ပဲ တွေ့ရာလူတိုင်းဆီမှာ ကိုယ့်ရဲ့ အချစ်ရေး အဆိုး၊ အကောင်း အားလုံးကို ဖွင့်ပြောတာက ဒီအချစ်ရေးမှာ ပြသနာတွေဖြစ်လာနိုင်ပါတယ်။

သူတို့ရဲ့စကားတွေက သင့်အတွက် အကြံပေးစကားတွေဖြစ်နိုင်သလိုပဲ သင်တို့ရဲ့အချစ်ရေးကို ပြိုကွဲစေမယ့် အရာတွေလည်း ဖြစ်နိုင်တယ်ဆိုတာ မမေ့ပါနဲ့နော်။

Khin