တစ်ဖက်အမျိုးသားက သင်နဲ့ပတ်သက်ပြီး သိမ်ငယ်စိတ်ဝင်နေတယ်ဆိုတဲ့ အချက် (၅) ချက်

တစ်ဖက်အမျိုးသားက သင်နဲ့ပတ်သက်ပြီး သိမ်ငယ်စိတ်ဝင်နေတယ်ဆိုတဲ့ အချက် (၅) ချက်

သိမ်းငယ်စိတ်ဆိုတာမျိုးက တစ်ဖက်လူအနေနဲ့ ကိုယ့်ထက်သာနေတယ်ဆိုတာ ကိုယ့်စိတ်ထဲသိနေပြီးတော့

ဒါကို မနာလိုတာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို အားမလိုအားမရတာမျိုးပဲဖြစ်ဖြစ် ကြုံလာခဲ့အခါမျိုးတွေမှာ ဖြစ်ပေါ်လာတတ်တဲ့ စိတ်ခံစားချက်တစ်ခုပါ။

အကယ်၍ အမျိုးသားတစ်ယောက်က သင့်ရှေ့မှာ သိမ်ငယ်မိနေပြီဆိုရင် ဘယ်လိုအပြုအမူတွေလုပ်တတ်သလဲဆိုတာ ကြည့်လိုက်ကြရအောင်လား။

(၁) မျက်လုံးချင်းမဆုံရဲဘူး

အိုးမလုံအုံပွင့်ပြီးတော့ သင်နဲ့သူ ဘယ်တော့မှ မျက်လုံးချင်းဆုံရဲမှာမဟုတ်ပါဘူး။

သင့်ရဲ့အရှိန်အဝါတွေအောက်မှာ ကောင်းကောင်းမရှင်သန်နိင်ကြဘူးလေ။

(၂) မနာလိုဘူး

လူတစ်ယောက် ကိုယ့်ကို မနာလိုလား၊ လိုလားဆိုတာ သူတို့ရဲ့စကားအပြောဆိုတွေနဲ့ အပြုမူတွေကနေတစ်ဆင့် သိနိုင်ပါတယ်။

အမျိုးသားတစ်ယောက် သင့်ကို မနာလိုဘူးဆိုရင်တော့ သင်ဟာ သူတို့ထက် အဆပါင်းများစွာ သာနေလို့ပါပဲ။

(၃) စိတ်လှုပ်ရှားနေမယ်

ချွေးစေးတွေထွက်နေပြီး စကားတွေကလည်းမြန်၊ တောင်စဉ်ရေမရနဲ့ မရယ်ရတဲ့ဟသတွေပြောနေပြီဆိုရင်

သူတို့သိမ်ငယ်နေတယ်ဆိုတာကို သင်မရိပ်မိအောင်လို့ အတတ်နိုင်ဆုံး ပုံမှန်လိုဖြစ်အောင် ကြိုးစားပြနေကြတာပါတဲ့။

(၄) ဘယ်တော့မှ သူတို့ဖက်ကမစဘူး

သင့်ကိုရှိန်ပြီးတော့ မသိစိတ်ထဲမှာ ကြောက်လို့ ဖွင့်ပြောတာတို့ဘာတို့ဆိုရင်တောင် သူတို့ဖက်က စဖို့ ဝန်လေးနေတတ်ကြပါတယ်။

တစ်ခါတစ်လေ စကားတောင် ဟပ်ဟပ်ပက်ပက်မပြောတတ်ကြပါဘူးတဲ့လေ။

(၅) ကြွားဝါတတ်တယ်

အမျိုးသားတစ်ယောက်က သူ့ကိုယ်သူ သိမ်ငယ်နေပြီဟေ့လို့ မသိစိတ်မှာဖြစ်ပေါ်လာတာနဲ့တစ်ပြိုင်နဲ့ သင့်ကို စပြီး ကြွားပြပါတော့မယ်။

ဘာကြောင့် ဒီလိုလုပ်ရသလဲဆိုရင်တော့ သင့်စိတ်ထဲ သူ့ကို အထင်ကြီးစေချင်လို့ပါပဲ။

ဒီအတွက် သူ့အိမ်အကြောင်း ကားအကြောင်း အလုပ်အကြောင်းကစလို့ ဘယ်သူနဲ့သိတယ် စတဲ့ မဆိုင်တဲ့အရာတွေကို စကားဝိုင်းထဲ ဆွထည့်လာပါလိမ့်မယ်။

penny