ဒီနှစ် Valentine’s Day မှာ မိန်းကလေးတွေအလိုချင်ဆုံးဖြစ်နေမယ့် လက်ဆောင်များ

ဒီနှစ် Valentine’s Day မှာ မိန်းကလေးတွေအလိုချင်ဆုံးဖြစ်နေမယ့် လက်ဆောင်များ

ကဲ.. ၂၀၂၀ လည်းရောက်နေပြီ အခုအချိန်အထိ Valentine’s Day အတွက်

လက်ဆောင်ဆို အမွှေးပွ ဝက်ဝံရုပ်၊ နှင်းဆီပန်းနဲ့ ချောကလတ်ပဲပေးဖို့ သင့်ချစ်သူက စဉ်းစားမိနေသေးမယ်ဆိုရင်တော့ ဒီဆောင်းပါးကို သူမြင်အောင် ပြဖို့လိုအပ်နေပါပြီ။

ဘာကြောင့်လဲဆိုတော့ ဒီနှစ် ချစ်သူများနေ့မှာ မိန်းကလေးတွေရဲ့ စိတ်ကြိုက်ဖြစ်စေပြီး ပေးလိုက်တာနဲ့ မင်သက်သွားနိုင်မယ့် လက်ဆောင်လေးတွေကို ပြောပြပေးသွားမှာမလို့ပါပဲ။

ချစ်သူများနေ့ရောက်ဖို့က ၁ ပတ်လောက် လိုသေးတာဆိုတော့ သူတို့တွေ ကြိုတင်ပြင်ဆင်ထားလို့ရတာပေါ့။

ဒီနှစ် Valentine’s Day အတွက် မိန်းကလေးတွေ အလိုချင်ဆုံး လက်ဆောင်တွေက ဘာတွေများဖြစ်မလဲ..

(၁) မုန့်ဖိုး

ပိုက်ဆံဆိုလို့ ဘာဘာညာညာအတွေးတွေတွေးပြီး အထင်မလွဲလိုက်ပါနဲ့ဦး။ အခုခေတ် ပန်းစည်းတစ်စည်းဆိုရင် အနည်းဆုံး သောင်းကဏန်းတော့ ပေးရမှာပဲ။

ပန်းစည်းဆိုတာလည်း ၃ရက်လေးတောင် အထားမခံတဲ့အမျိုးမဟုတ်လား။

နောက် ကောင်လေးတော်တော်များများက အမှတ်တရဖြစ်အောင် ဘယ်လိုလက်ဆောင်မျိုးပေးရမယ်မှန်း မသိဖြစ်ရတတ်ပါတယ်။

အကောင်းဆုံးကတော့ ချစ်သူရဲ့ ဘဏ်အကောင့်ထဲကို မုန့်ဖိုးလေး လွှဲပေးလိုက်တာ အကောင်းဆုံးပါပဲ။ ဝယ်ချင်တာဝယ်ဖို့ Valentine’s Day မုန့်ဖိုးပေါ့။

(၂) အဝတ်အစား

မိန်းကလေးတိုင်းမှာ သူတို့လက်တလောလိုချင်နေတဲ့ အဝတ်အစားဆိုတာတော့ ရှိကြမှာပါ။

လက်ကိုင်အိတ်၊ ဖိနပ်၊ အင်္ကျီလေးတွေ။ အနည်းနဲ့အများတော့ Facebook မှာ share လုပ်ထားတာပဲဖြစ်ဖြစ်၊ ကောင်လေးကို ပြောပြဖူးတာမျိုးပဲဖြစ်ဖြစ်။

ဒါဆို အမွှေးပွအရုပ်တွေအစား ဒီလို အသုံးဝင်စေမယ့် အဝတ်အစားအသုံးဆောင်တစ်ခုခုကိုပေးလိုက်ရင်

ကောင်လေးဖက်က ကုန်ရကျိုးလည်းနပ်၊ ကောင်မလေးကလည်း မထင်ထားဘဲ ပျော်သွားမိမှာပဲ။ ကောင်မလေးအကြိုက်ဖြစ်ဖို့ကတော့ လိုအပ်တယ်နော်။

(၃) မိတ်ကပ်ပစ္စည်း

Skin care တွေ၊ မိတ်ကပ်၊ နှုတ်ခမ်းနီ၊ eye shadow palette တွေလား၊ highlighter လား အစရှိတဲ့ မိတ်ကပ်ပစ္စည်းတွေပေးမယ်ဆိုရင်တော့

မိတ်ကပ်ကိုချစ်တဲ့ ကောင်မလေးအတွက် သူသူကိုယ်ကိုယ် အရမ်းကို ပျော်ရွှင်ကြည်နူးရမှာပဲ။

ဒီအတွက် ကောင်လေးအနေနဲ့ မိတ်ကပ်အကြောင်း သိပ်မသိဘူးဆိုရင်တော့

ဆိုင်မှာဝယ်ဝယ်၊ အွန်လိုင်းကပဲမှာမှာ ရောင်းတဲ့မမတွေကို ကောင်မလေးပုံပြပြီး မေးမြန်းတီးခေါက်ကြည့်နိုင်ပါတယ်။

(၄) အစားအသောက်

ပန်းစည်းနဲ့ ချောကလတ်အစား food bouquet လေး ပေးတာပဲဖြစ်ဖြစ်၊ ကောင်မလေးကြိုက်တဲ့ အရသာနဲ့ ချစ်စရာကိတ်မုန့်လေးတွေ မှာပြီး ပို့တာပဲဖြစ်ဖြစ်၊

ဂျယ်လီတွေ ပုလင်းနဲ့အပြည့်ထည့် ဖဲပြားလေးချည်ပြီး ပေးတာမျိုးပဲဖြစ်ဖြစ်၊

မနက်စာ နေ့လည်စာ ညစာသုံးနပ်လုံးကို surprise လုပ်ပြီး ပို့ပေးတာ ဒါမှမဟုတ် လိုက်ကျွေးတာမျိုးပဲဖြစ်ဖြစ်လုပ်ရင်လည်း foodie ကောင်မလေးတွေ သိပ်ကိုပျော်ရွှင်သွားကြမှာပါပဲ။

(၅) လက်ဝတ်ရတနာ

လက်ဝတ်ရတနာကတော့ တန်ဖိုးကြီးတာမှန်ပါတယ်။ ဒါပေမဲ့ အခုခေတ်မှာက လက်ဝတ်ရတာဆိုတိုင်း ရွှေပဲရှိတာမှမဟုတ်တာလေနော်။

တတ်နိုင်တဲ့ budget ထဲကနေ ရွှေလား၊ ငွေလား၊ ပလက်တီနမ်လား၊ pink gold လား၊ 925 လား စသဖြင့် ရွေးချယ်စရာအများကြီးရှိနေပါပြီ။

တချို့ 925 တွေဆို ၁ သောင်းလောက်ကနေ စဝယ်လို့ရပါတယ်။ ကောင်လေးလည်း မျက်နှာရ ကောင်မလေးလည်း အတော့်ကို အံ့သြသွားမှာ အသေချာပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် ချစ်သူများနေ့မှာ လက်ဆောင်ပကာသနတွေမပါလည်းဘဲ

ကိုယ်တကယ်ချစ်ရတဲ့ အရင်းနှီးဆုံးသော အသည်းတစ်ခြမ်းလေးနဲ့ တစ်မိုးအောက်တည်း အတူရှိနေပြီဆိုတာနဲ့တင် ချစ်သူအားလုံး ပြီးပြည့်စုံ ကြည်နူးကြမှာပါပဲ။

Penny