သိပ္ပံပညာရှင်တွေပြောတဲ့ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခု ဖြစ်လာစေမယ့် သော့ချက်များ

သိပ္ပံပညာရှင်တွေပြောတဲ့ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခု ဖြစ်လာစေမယ့် သော့ချက်များ

သိပ္ပံပညာရှင်တွေရဲ့ လေ့လာဆန်းစစ်ချက်တွေအရ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခု ဖြစ်ရခြင်း အကြောင်းအရင်းတွေထဲမှာ ဒီလိုအချက်တွေ ပါဝင်နေပါတယ်တဲ့။

ဘယ်လိုအချက်တွေက ပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုရဲ့ သော့ချက်တွေဖြစ်နေလဲဆိုတာကို ဖတ်ကြည့်လိုက်တော့နော်။

မင်္ဂလာပွဲ ကျင်းပတာ

Virginia university ရဲ့ စစ်တမ်းကောက်ချက်တွေအရ မင်္ဂပွဲကျင်းပပြုလုပ်ခဲ့တဲ့ စုံတွဲတွေဟာ အိမ်ထောင်ရေးမှာ ပိုသာယာပျော်ရွှင် ကြပါတယ်တဲ့နော်။

တကယ်တော့ ဒါက သိပ်မဆိုင်ဘူးလို့ ထင်ရပေမယ့် မင်္ဂလာပွဲ ခမ်းခမ်းနားနား ကျင်းပတဲ့

စုံတွဲတွေဟာ ပိုပြီးတော့တောင် အိမ်ထောင်ရေးမှာ ပျော်ရွှင်တဲ့ သူတွေဖြစ်ကြောင်းကို လေ့လာတွေ့ရှိခဲ့ပါတယ်။

ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးကို ပိုင်ဆိုင်ထားတာ

အိမ်ထောင်တစ်ခုမှာ ဖိုသီဖတ်သီ နေတတ်တဲ့ အိမ်ထောင်ရှင်မတွေထက် ကိုယ့်ကိုယ်ကို ဆွဲဆောင်မှုရှိရှိ ပြင်ပြင်ဆင်ဆင် နေတတ်တဲ့

အိမ်ထောင်ရှင်မတွေရှိခြင်းက အိမ်ထောင်ရေး ပိုပျော်ရွှင်ရတယ်လို့ အိမ်ထောင်ရှင်အမျိုးသားတွေက ဆိုပါတယ်။

ဒီအချက်ကလည်း အိမ်ထောင်ရေး ပျော်ရွှင်မှုအတွက် လိုအပ်တဲ့ အချက်တစ်ချက်ပါတဲ့နော်။

ဆွဲဆောင်မှု မရှိတဲ့ အမျိုးသားတွေ

နောက်ထပ် အံ့သြစရာ ကောင်းတဲ့ အချက်တစ်ချက်က ဆွဲဆောင်မှု မရှိတဲ့ အမျိုးသားတွေက

ကိုယ့်ရဲ့ အမျိုးသမီးကို ပိုတန်ဖိုးထားတတ်ကြတဲ့အတွက် အိမ်ထောင်ရေး ပျော်ရွှင်မှုကို ခံစားရစေပါတယ်။

ဒါကြောင့် အရမ်းကြီး ပြင်ပြင်ဆင်ဆင် မနေတတ်တဲ့ အိမ်ထောင်ရှင် ယောကျာ်းတွေက ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို တည်ဆောက်နိုင်ပါတယ်။

ကိုယ် ဝါသာနာပါရာကို သီးခြား ပြုလုပ်တတ်ကြတာ

အိမ်ထောင်တစ်ခု တည်ဆောက်လိုက်ပြီဆိုရင် အရာရာကို နှစ်ယောက် အတူတူ ပြုလုပ်ရမယ်ဆိုတာကတော့ မဟုတ်ပါဘူးနော်။

လူတိုင်းမှာ ကိုယ်ဝါသနာပါရာ ဆိုတာ ရှိတတ်ပြီး ကိုယ်မကြိုက်တဲ့အရာကို အတူတူ လိုက်လုပ်ပေးနေစရာ မလိုပါဘူး။

ကိုယ်ဝါသနာပါရာကို သီးခြားလုပ်တတ်ကြတဲ့ စုံတွဲတွေက ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်နိုင်ကြတယ်ဆိုပြီး သိပ္ပံပညာရှင်တွေက ဆိုထားပါတယ်။

Khin