အသည်းကွဲနေတဲ့ခံစားချက်ကြီးကို လုံးဝမေ့ပျောက်သွားစေမယ့်နည်းလမ်း(၅)မျိုး
အသည်းကွဲနေတဲ့ခံစားချက်ကြီးကို လုံးဝမေ့ပျောက်သွားစေမယ့်နည်းလမ်း(၅)မျိုး လောကမှာ အချစ်ရေးနဲ့ပတ်သက်ရင် ကိုယ်ပေးတဲ့အတိုင်း ပြန်ရတယ်ဆိုတာ ခပ်ရှားရှားရယ်ပါ။ အချစ်ရေးတစ်ခု အဆုံးသတ်သွားတဲ့အခါမှာ ပိုချစ်တဲ့သူက ပိုနာကျင်ရစမြဲပါပဲ။ ကိုယ့်ဖက်က ဘယ်လောက်ပဲချစ်ခဲ့၊ ပေးဆပ်ခဲ့ပါစေ ကိုယ်အသည်းကိုခွဲပြီး၊ ကိုယ့်အပေါ်ကို ရက်စက်တတ်တဲ့သူတွေနဲ့လည်း ကြုံရမှာပါ။ ဒီလိုကြုံလာရတဲ့အခါ ကိုယ့်ကိုယ်ကိုနာကျင်အောင်လုပ်ဖို့၊ ကိုယ့်ဘဝကိုအနစ်မွန်းခံဖို့ထက်စာရင် သူ့ကိုဘဝထဲကထုတ်လိုက်တာ ပိုပြီးမှန်ကန်ပါတယ်။ ဒါကြောင့် ရက်စက်သွားတဲ့သူကို အပြီးအပိုင်မေ့ဖျောက်နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) သူ့အကြောင်းမတွေးပါနဲ့တော့ မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့်လိုက်တာနဲ့ သင့်ဘယ်ဘယ်ရင်အုံကို စူးခနဲဖြစ်စေတဲ့ သူနဲ့ပတ်သက်တဲ့ခံစားချက်တွေ၊ သူ့အကြောင်းတွေကို အခုကစပြီး မတွေးပါနဲ့တော့။ သူ့အကြောင်းကိုတွေးနေမယ့်အစား တစ်ခုခုမှာ အာရုံကိုလွှဲထားလိုက်ပါ။ သူ့အကြောင်းဝင်လာတော့မယ် ဆိုတာနဲ့ တခြားအကြောင်းနဲ့အာရုံလွှဲတဲ့အလေ့အကျင့်ကို လုပ်ပါ။ ကြာလာတဲ့အခါ သူ့အကြောင်းတွေးဖို့တောင် သင်သတိရတော့မှာမဟုတ်ပါဘူး။ (၂) သူ့အကြောင်းမသိချင်ပါနဲ့ သူငါ့ကို လွမ်းနေမလား၊ သူခံစားနေရမလား၊ သူလည်းငါ့ကိုလွမ်းရဲ့လား၊ အချစ်သစ်များရနေပြီလား အဲလိုမျိုး … Read more